နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံချမှတ် စုစုပေါင်း နှစ် (၂၀) ချမှတ်ခံထားရ၊ အမှုတွဲ ဖြစ်သည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဝန်ကြီးဟောင်း ဦးမင်းသူတို့လည်း (၃) အလားတူ ချမှတ်ခံရ

0
392

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံချမှတ် စုစုပေါင်း နှစ် (၂၀) ချမှတ်ခံထားရ၊ အမှုတွဲ ဖြစ်သည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဝန်ကြီးဟောင်း  ဦးမင်းသူတို့လည်း (၃) အလားတူ ချမှတ်ခံရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း  ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ရာဇ သတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ယနေ့ စက်တင်ဘာလ (၂) ရက် နံနက်ပိုင်းမှာ အလုပ်နှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါအဝင် သမ္မတဟောင်း ဦးဝင်းမြင့် ၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦး မင်းသူတို့ကိုပါ အဆိုပါ ပုဒ်မဖြင့် ထောင်ဒဏ် (၃) နှစ်ဆီ ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီး စပ်သည့်အသိုင်းအဝိုင်းက သိရသည်။


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် သည် ယခင်က အမှု (၁၀) မှုအတွက် ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခံထားရခြင်းဖြစ်ပြီး ယနေ့ ချမှတ်သည့် (၃) နှစ်နှင့်ဆိုလျင် ထောင်ဒဏ် နှစ်(၂၀) အထိ ချမှတ်ခံထားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဟောင်း ဦးဝင်းမြင့်တို့အနေဖြင့် ၎င်းတို့အား စွဲဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်‌ဩဇာသုံးသည်ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ အပြစ်မရှိကြောင်း ခုခံချေပထားသော်လည်း နစက အထူးတရားရုံးက ယနေ့နံနက်ပိုင်းတွင် အဆိုပါ စွပ်စွဲချက်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုနှင့် လျှို့ဝှက်အက်ဥပဒေဖြင့် စွဲဆိုထားသည့်အမှု အပါအဝင် အမှု (၈) မှု ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ပြီး လက်ရှိတွင် ထောင်ဒဏ် နှစ်(၂၀) ကျခံနေရခြင်း ဖြစ်သည်။

ယနေ့ ချမှတ်သည့် အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် (၃) ဦးလုံးကို ချုပ်ရက် အ ကျိုးခံစားခွင့် မပြုခဲ့ကြောင်းလည်း သိရသည်။

သမ္မတဟောင်း ဦး၀င်းမြင့်ကို နိုင်ငံတော် မတည်မငြိမ်ဖြ စ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် (၂) နှစ်၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) နှင့် ထောင် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရပြီး နစက က ထောင်ဒဏ် (၂) နှစ်ကို လျှော့ပေါ့ပေးခဲ့သည့် အတွက် ယနေ့ ချမှတ်သည့် (၃) နှစ်နှင့်ပေါင်းလျင် ထော င်ဒဏ် (၅) နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here