ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို ထောင်ဒဏ် (၁) နှစ်စီ ချမှတ်

0
257

ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို ထောင်ဒဏ် (၁) နှစ်စီ ချမှတ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖမ်းဆီးထိန်းသိမ်းခြင်း ခံရကာ လဝက ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ဗြိတိန်သံအမတ်ဟောင်း  ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီ ထိန်လင်းတို့ကို ထောင်ဒဏ် (၁)နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

မစ္စဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူတို့ကို နေထိုင်ရန် ခွင့်ပြုထားသည့်နေရာတွင် မနေထိုင်ဘဲ အောင်ပန်းမြို့ရှိ ခင်ပွန်းဖြစ်သူပိုင် နေအိမ်တွင် သွားရောက်နေထိုင်သည့် အတွက် ဗီဇာ စည်းကမ်းဖောက်ဖျက်မှုနှင့် အားပေးကူညီမှုတို့ဖြင့် ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းက ဖမ်းဆီးအ မှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ (၂) ဦးအား စက်တင်ဘာလ (၁) ရက် ရုံးချိန်းတွင် ထောင်ဒဏ် တစ်နှစ်စီ ကျခံရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပေါ် ပြူလာသို့ အတည်ပြုသည်။

” ဟုတ်ပါတယ်။  တစ်နှစ်စီချလိုက်တာ။ ဆရာထိန်က အ မှု နှစ်ခုအတွက် တစ်နှစ်စီကို တစ်ပေါင်းတည်းကျခံဖို့ အ မိန့်ချလိုက်တာပါ” ဟု ရန်ကုန်မြို့မှ ပန်းချီဆရာတစ်ဦးက ပြောသည်။

ဦးထိန်းလင်းအား ဇနီးဖြစ်သူကို ဗီဇာစည်းကမ်းဖောက် ဖျက် ရန် အားပေးကူညီမှု ပုဒ်မ ၁၃(၅) နှင့် နိုင်ငံခြားသား မှတ်ပုံတင် ဥပဒေ ပုဒ်မ(၅) တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ပြီး သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို လဝ က ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here