အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်ခွဲ ၂၆ ဓားပြတိုက်ခံရ

0
211

အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်ခွဲ ၂၆ ဓားပြတိုက်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်ခွဲ(၂၆) ကို အမျိုးသားတစ်ဦးက လာရောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဥ်သည် မွန်းလွှဲ ၂ နာရီ ၁၄ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Mask တပ်ထားသည့် အမျိုးသားတစ်ဦးသည် ဘဏ်အတွင်းသို့ ဝင်ရောက်လာပြီး အသင့်ယူဆောင် လာသော ဓါးဖြင့် ဘဏ်ဝန်ထမ်းအား ထောက်၍ ကောင်တာပေါ်ရှိ အသင့်ပါရှိလာသော ကျောပိုးအိတ် အတွင်းသို့ ငွေများ ထည့်ခဲ့ကြောင်း၊ ထိုသို့ ထည့်နေစဉ် ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ရောက်ရှိနေသူများမှ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားသဖြင့် အဆိုပါလုယက်သူမှ ကျောပိုးအိတ်အား ထား၍ ထွက်ပြေးသွားခဲ့သည့်အတွက် ငွေများမပါသွားကြောင်း ကနဦး သိရသည်။

လက်ရှိအချိန်တွင် ဘဏ်အနီးပတ်၀န်းကျင်တွင်လုံခြုံရေးတင်းကြပ်ထားပြီး ပစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here