မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ရေးဆွဲထားသည့် Mtube ပလက်ဖောင်း စမ်းသပ်အဆင့်သို့ရောက်ရှိ၊ မကြာမီအသုံးပြုနိုင်မည်ဟုဆို

0
524

မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ရေးဆွဲထားသည့် Mtube ပလက်ဖောင်း စမ်းသပ်အဆင့်သို့ရောက်ရှိ၊ မကြာမီအသုံးပြုနိုင်မည်ဟုဆို

မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ရေးဆွဲဆောင်ရွက်ထားသည့် Mtube live Streaming Platform သည် စမ်းသပ်အဆင့်သို့ရောက်ရှိ‌

နေပြီး မကြာမီအသုံးပြုနိုင်မည်ဟု နစက ပြန်ကြားရေးက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ယနေ့အချိန်တွင် စမ်းသပ်အသုံးပြုသည့် 

အဆင့်တွင်သာသေးပြီး မကြာမီ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုနိုင်မည့် အချိန်ကာလကို ထပ်မံ အသိပေးမည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် သုံးစွဲသူအများဆုံးလူမှုကွန်ရက်ဖြစ်သည့် Facebook နေရာတွင် အစားထိုး ဆိုရှယ်မီဒီယာတစ်ခုကို ဆောင်ရွက်နေသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

YouTube နှင့် ပုံစံတူ Mtube ပလက်ဖောင်းကို United Info-Sec နည်းပညာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here