ငြိမ်းချမ်းရေးဆွေးနွေးမှု ဦးဆောင်အဖွဲ့ နာယကအဖြစ် တာဝန်ယူမည့်ကိစ္စ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ပြန်လည်ရုတ်သိမ်း

0
315

ငြိမ်းချမ်းရေးဆွေးနွေးမှု ဦးဆောင်အဖွဲ့ နာယကအဖြစ် တာဝန်ယူမည့်ကိစ္စ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ပြန်လည်ရုတ်သိမ်း

PPST ၏ ဦးဆောင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည့်ကိစ္စအား KNU ဗဟိုအလုပ်မှုဆောင်အဖွဲ့က ကန့်ကွက်ခဲ့သည့်အတွက် ပြန်လည် ရုတ်သိမ်းကြောင်း စောမူတူးစေးဖိုးက ပြောကြားလာသည်။

အဆိုပါ ရုတ်သိမ်းကြောင်း အကြောင်းကြားစာကို KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဩဂုတ်လ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်လာခြင်း ဖြစ်သည်။

PPST အဖွဲ့က ၎င်းအား နာယကအဖြစ် တာဝန်ယူပေးရန် အကြောင်းကြားမှုကို တသီးပုဂ္ဂလ ဆုံးဖြတ်ချက်ဖြင့် လက်ခံဆောင်ရွက်မည်ဟု ဩဂုတ်လ (၁၈) ရက်က အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ KNU ဗဟို‌အလုပ်မှုဆောင်ကော်မတီအစည်းအဝေးကို ဩ ဂုတ်လ (၃၁) ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းအဝေးမှ KNU ဥက္ကဋ္ဌအနေဖြင့် PPST ၏ နာယကအဖြစ် ဆောင်ရွက်မည်ဆိုသည့် ကိစ္စမှာ မသင့်တော်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဥက္ကဋ္ဌမူတူးစေးဖိုးက ဆိုသည်။

၎င်းအနေဖြင့် ဒီမိုကရေစီ စနစ်ကို လက်ခံယုံကြည်သည့်အပြင် KNU က ချမှတ်ထားဟည့် ဖွဲ့စည်းပုံ ဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံ ထိန်းသိမ်းရန် တာဝန်ရှိကြောင်းလည်း စေမူတူးစေးဖိုးက ဆိုသည်။

ထို့ကြောင့် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ မူနှင့် လမ်းစဉ်ကို ဦးစားပေးရှေ့ဆောင်မှုပြုရန် ရည်ရွယ်ကာ PPST ၏ ဦးဆောင်နာယက အနေဖြင့် ဆောင်ရွက်မည့် အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here