အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် သင်္ဘောအား စတင်တာဝန်ပေးအပ်၊ ကမ္ဘာ့ထိပ်တန်း ရေတပ်အင်အားကြီးနိုင်ငံဖြစ်လာ

0
278

အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် သင်္ဘောအား စတင်တာဝန်ပေးအပ်၊ ကမ္ဘာ့ထိပ်တန်း ရေတပ်အင်အားကြီးနိုင်ငံဖြစ်လာ

နယူးဒေလီ၊ စက်တင်ဘာ ၂

အိန္ဒိယသည် ၎င်း၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသည့် အိုင်အင်န်အက်စ် ဗစ်ခရန့် အမည်ရ လေယာဉ်တင် သင်္ဘောကို စက်တင်ဘာလ ၂ ရက် သောကြာနေ့တွင် တရားဝင် တာဝန်ပေးအပ်ပွဲ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ရေတပ်အင်အားကြီးနိုင်ငံများအဖွဲ့သို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါ ဒေါ်လာ ၃ ဘီလီယံတန် ဗစ်ခရန့် ကြောင့် အိန္ဒိယသည် လေယာဉ်တင်သင်္ဘော သို့မဟုတ် ရဟတ်ယာဉ်တင် သင်္ဘောတစ်စင်း ထပ်ပို‌ရှိသော နိုင်ငံအနည်းစုတွင် ပါဝင်လာခဲ့သည်။

ထို့အပြင် ပြီးခဲ့သည် ၃ နှစ်အတွင်း ဗြိတိန်နှင့် တရုတ်ပြီးလျှင် လေယာဉ်တင်သင်္ဘောကို ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ခဲ့သော တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

အိန္ဒိယ၏ ပထမလေယာဉ်တင်သင်္ဘော အမည်မှာ အိုင်အင်န်အက်စ် ဗစ်ကရာမာ တစ်တီရာ ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ရုရှားထံမှ ဝယ်ယူခဲ့ကာ ပြန်လည်ပြုပြင်ထားသော ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘော တစ်စင်းဖြစ်သည်။

အဆိုပါ ဗစ်ခရန့် သည် ဗစ်ကာရာ မာတစ်တီရာနှင့် အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့၏ လေယာဉ်တင် သင်္ဘောများထက် အနည်းငယ် သေးငယ်သော်လည်း ဂျပန်၏ လေယာဉ်တင် သင်္ဘောထက်မူ ပိုကြီးကြောင်း သိရသည်။

ဗစ်ခရန့် သည် ၂၆၂ မီတာ (၈၆၀ ပေ) ရှည်လျားပြီး အမြင့်မှာ ၆၀မီတာ (၁၉၇ ပေ) နီးပါးရှိသည်။ ၎င်းတွင် တိုက်လေယာဉ် အစင်း ၃၀နှင့် ရဟတ်ယာဉ်များ တင်ဆောင်နိုင်စွမ်း ရှိသည်။

ဓာတ်ငွေ့တာဘိုင်အင်ဂျင် လေးလုံး တပ်ဆင်ထားပြီး ၎င်း၏ တစ်နာရီလျှင် ၃၂ မိုင် (၅၂ ကီလိုမီတာ) နှုန်းဖြင့် အမြင့်ဆုံးထား၍ မောင်းနှင်နိုင်သည်။

“အခုအချိန်ထိ ဒီလေယာဉ်တင်သင်္ဘော အမျိုးအစားကို ဖွံ့ဖြိုးပြီး နိုင်ငံတွေကပဲ တည်ဆောက်နိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ အိန္ဒိယဟာ အဲဒီလို နိုင်ငံအနည်းစု အဖွဲ့ကို ဝင်ရောက်နိုင်ခြင်းဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ နောက်ထပ်ခြေလှမ်း တစ်လှမ်းကို လှမ်းခဲ့ပါပြီ”ဟု ဝန်ကြီးချုပ် မိုဒီက အိန္ဒိယတောင်ပိုင်း ကီရာလာ ပြည်နယ် ကော့ချင်း သင်္ဘောကျင်း၌ ပြုလုပ်ခဲ့သော ဂုဏ်ပြုအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here