နိုင်ငံတော်မှ ဒေါ်လာချေးယူကာ တင်သွင်းမည့် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမည့် ကုမ္ပဏီများ အနေဖြင့် ထိုက်သင့်သည့် အမြတ်သာယူပြီး ပြန်လည်ရောင်းချရမည်

0
153

နိုင်ငံတော်မှ ဒေါ်လာချေးယူကာ တင်သွင်းမည့် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမည့် ကုမ္ပဏီများ အနေဖြင့် ထိုက်သင့်သည့် အမြတ်သာယူပြီး ပြန်လည်ရောင်းချရမည်

ဗဟိုဘဏ်မှ ထုတ်ချေးပေးမည့် ဒေါ်လာသန်း ၂၀၀ ကျော်ဖြင့် သွင်းယူမည့် စက်သုံးဆီနှင့် တင်သွင်းသူများအနေဖြင့် ထိုက်သင့်သည့် အမြတ်သာယူပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းရမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗဟိုဘဏ်က စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမည့် ကုမ္ပဏီများအား ဒေါ်လာသန်း ၂၀၀ ကျော် ထုတ်ချေးပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ)က ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။


” သယ်ယူပို့ဆောင်ခနဲ့ သင့်တင့်တဲ့ အမြတ်နှုန်းပဲယူပြီး ပြန်လည်ရောင်းချစေရန် ဖြစ်ပါတယ်” ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒေါ်လာထုတ်ချေးပေးမည့် အစီအစဉ်တွင် ကုမ္ပဏီများအနေဖြင့် ဘဏ်များသို့ အပေါင်ပစ္စည်း တင်သွင်းရမည်ဟု သတင်းထွက်နေပြီး ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ဘဏ်များ၏ လုပ်ထုံးလုပ် နည်းအရ လုံလောက်သည့် အာမခံချက်ရှိရန် လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


“သူကတော့ အရင် လုပ်နေကျအတိုင်းပါပဲ။ ဝယ်ယူတင်သွင်းမယ့်ဟာကို ကုမ္ပဏီကို စစ်ဆေးမယ်။ စစ်ဆေးပြီးရင် ကျွန်တော်တို့က ရည်ညွှန်းဈေးနဲ့ ရောင်းချပေးလိုက်မယ် ။ စက်သုံးဆီ ဝယ်ပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့ ဝယ်ယူသည့် စက်သုံးဆီများကိုလည်း သတ်မှတ်ချိန်အတွင်း ပြန်လည်ရောင်းချရမည်ဖြစ်ပြီး ‌တက် ဈေးစောင့်၍ ရောင်းချခြင်းမျိုးလုပ်ဆောင်၍ မရကြောင်း ၎င်းက ဆိုသည်။

” တချို့က ကိုင်ထားနိုင်တဲ့ အရိပ်အယောင်တွေ့ရတယ်။ တကယ်လည်း လက်တွေ့ ကိုင်ထားတာလည်း ရှိတယ်။ ရှိတဲ့အတွက် ရောက်တဲ့ဟာကို မြန်မြန်ဖြန့်ပေါ့နော်။ ပြည်သူလူထု လက်ထဲကို မြန်မြန်ဖြန့်ပေါ့နော် ဆိုတဲ့ဟာမျိုး ရက်အကန့်အသတ်လေးတွေပေါ့နော်၊ လိုအပ်တဲ့ဟာလေးတွေ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ထိန်းညှိမှုလေးတွေ ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။


ဗဟိုဘဏ်၏ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးမည့် စီမံကိန်းသည် ကုန်ဈေးနှုန်းကျဆင်းရေးကို အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည့်အတွ က် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်း သူများအတွက်သာ ပါဝင်ကြော င်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၇၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းမှာ ဗဟိုဘဏ်၏ ဒေါ်လာထုတ်ချေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည့် နောက် ၂၂၀၀ ကျော်အထိ ဈေးပြန်ကျသွားခဲ့ပြီး ဈေး ကွက်အတွင်း အဆမတန်မြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများလည်း ရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားနိုင်ငံမှ မှာယူသည့် စက်သုံးဆီများလည်း မကြာခင် ရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here