ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၌ လက်ပစ်မိုင်းပေါက်ကွဲမှုဖြစ်

0
156

ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၌ လက်ပစ်မိုင်းပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(ဇ)ရပ် ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စက်တင်ဘာ ၂ ရက်မွန်းတည့်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က ၁၃၃ လမ်းအတိုင်း အနောက်မှအရှေ့သို့ ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် (ဇ)ရပ် ကွက်၊ ၁၃၃(စံပြ)လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ရပ် ကွက်အုပ်ချုပ်ရေးရုံးရှေ့အား လက်လုပ်မိုင်းဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လက်လုပ်မိုင်းသည် ရုံးဝင်းအရှေ့ဘယ်ဘက်ရှိ ရေကန်ဘေး၌ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးရာ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဟုသိရသည်။ရုံးအဆောက်အဦးထိခိုက်ပျက်စီးမှုလည်းမရှိကြောင်း သိရသည်။

ထို့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရေကန်အနီးမှ လက်လုပ်မိုင်းအပိုင်းအစများနှင့်သံဘောစေ့များကိုလည်း လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံးသည် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလကလည်း လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here