ကြည့်မြင်တိုင် ထီးတန်းအိမ်ယာ တိုက်တစ်ခုရှိ ၇ လွှာမှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

0
212

ကြည့်မြင်တိုင် ထီးတန်းအိမ်ယာ တိုက်တစ်ခုရှိ ၇ လွှာမှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းအိမ်ယာ တိုက်တစ်ခုရှိ ၇ လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်သူများ၏ ပြောကြချက်အရ သိရသည်။

ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြိုနယ် ကမ်းနားလမ်း ထီးတန်းအိမ်ယာ တိုက်အမှတ် ၇၄/၈၂ (၇)လွှာမှ ပြုတ်ကျခြင်းဖြစ်သည်။

“သူက အရက်အမူးလွန်နေတဲ့ပုံစံရှိတယ်။ မနက်ကျတော့ ပြုတ်ကျတယ်လို့ သိထားရပါတယ်။ သူယောင်္ကျားက သိသိခြင်း ဖုန်းဆက်ပြီး ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်လို့ ကူညီပေးလိုက်တာပါ။ မနက် ၅ နာရီ၀န်းကျင်လောက်က ဖြစ်သွားတာပါ” ဟု ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ တာ၀န်ခံ ဦးသန်းထိုက်အောင်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

Dead Body အား ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရသည်။

ဓာတ်ပုံ – ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here