မင်းသမီးဒိုင်ယာနာနှင့် တွေ့ဆုံမေးမြန်းမှုအတွက် BBC က အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းလှူဒါန်း

0
607

မင်းသမီးဒိုင်ယာနာနှင့် တွေ့ဆုံမေးမြန်းမှုအတွက် BBC က အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းလှူဒါန်း

လန်ဒန်၊စက်တင်ဘာ ၂

၁၉၉၅ ခုနှစ်ကမင်းသမီးဒိုင်ယာနာနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုမှရရှိခဲ့သည့် ဝင်ငွေများဖြစ်သည့် ပေါင် ၁ ဒသမ ၄၂ သန်း (ဒေါ်လာ ၁ ဒသမ ၆၄ သန်း) ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့သည်ဟု ဘီဘီစီသတင်းဌာနက စက်တင်ဘာလ ၂ ရက်သောကြာနေ့တွင် ပြောကြားခဲ့သည်။အဆိုပါငွေအား BBC သတင်းဌာနမှ သတင်းထောက် Martin Bashir ပြုလုပ်ခဲ့ပြီး အငြင်းပွားဖွယ်ဖြစ်စေခဲ့သည့်  Panorama အင်တာဗျူးအတွက် လျော်ကြေးသဘောအနေဖြင့် ပြန်လည်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရုပ်သံသတင်းဌာနသည် မင်းသမီးဒိုင်ယာနာနှင့်တွေ့ဆုံမေးမြန်းမှု ခွင့်ကိုရရှိစေရန် သတင်းထောက် Martin Bashir ကအသုံးပြုသောလှည့်စားနည်းများကို ဖုံးကွယ်ရန်ကြိုးပမ်းသည်ဟု စုံစမ်းမေးမြန်းမှုတစ်ခုမှကောက်ချက်ချခဲ့သဖြင့် မင်းသားဝီလျံအပါအဝင် အခြားသူများ၏ဝေဖန်မှုကိုခံခဲ့ရသည်။

BBC သည် ၁၉၉၅ ခုနှစ်က မင်းသမီးဒိုင်ယာနာနှင့်ပြုလုပ်ခဲ့သည့် Panorama အင်တာဗျူးမှရရှိသော ရောင်းရငွေများကို လှူဒါန်းရန်ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်ဟု ကော်ပိုရေးရှင်းကဆိုသည်။ယခုအချိန်တွင် BBC ကလည်းပြုလုပ်ပြီးပြီဖြစ်ကာ စုံစမ်းမှုများအရ သင့်လျော်မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါလှူဒါန်းမှုအား ပြည်သူ့ကျန်းမာရေးနှင့်အိုးမဲ့အိမ်မဲ့အဖွဲ့အစည်းများ၊ English National Ballet အပါအဝင် ဒိုင်ယာနာဆုစသဖြင့် ကွယ်လွန်သူမင်းသမီးနှင့်ဆက်စပ်နေသောပရဟိတ အဖွဲ့အစည်းခုနစ်ခုအား အညီအမျှခွဲဝေလှူဒါန်းခဲ့သည်ဟုသိရှိရသည်။

မင်းသမီးဒိုင်ယာနာသည် ၁၉၉၇ ခုနှစ်ယာဉ်တိုက်မှုတွင်သေဆုံးခဲ့ပြီး ဗုဒ္ဓဟူးနေ့က ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ကိုကျင်းပခဲ့သည်။

Source –ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here