ရနောင်းခရိုင်တွင် ကလေးငယ် ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ ကားမောင်းသူထွက်ပြေး

0
320

ရနောင်းခရိုင်တွင် ကလေးငယ် ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ ကားမောင်းသူထွက်ပြေး

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊စွတ်စန်လန်မြို့နယ်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦး စက်တင်ဘာ ၃ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ပစ်ကပ်ကားဖြင့်လိုက်ပါလာခြင်းဖြစ်ကာ ကားမောင်းသူထိုင်းနိုင်ငံသားမှ စွတ်စန်လန်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်အားရှောင်တိမ်းမောင်းနှင်စဥ် ဂိတ်တာဝန်ရှိသူများက တွေ့ရှိခဲ့သဖြင့်လိုက်လံဖမ်းဆီးခဲ့ကြသည်။

ထို့ကြောင့် ပစ်ကပ်ကားမောင်းသည့် ထိုင်းနိုင်ငံသားမှ ကားအားရပ်ထားခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် စစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊အမျိုးသမီး ၁ ဦးနှင့်ကလေးငယ် ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ကော့သောင်းမြို့ဘက်မှတဆင့် စက်လှေဖြင့်ဝင်ရောက်လာခဲ့ပြီးနောက် အလုပ်လုပ်ကိုင်မည့် ဆူရတ်ဌာနီခရိုင်သို့ သွားရောက်ခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ စီပေးချေခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအ ရေးယူရန် စွတ်စန်လန်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here