ဂျာမဏီ၏ဓာတ်ငွေ့အခြေနေတင်းမာနေပြီး ပိုမိုဆိုးလာနိုင်ဟုစည်းကမ်းထိန်းသိမ်း‌ရေးမှုးများဆို

0
185

ဂျာမဏီ၏ဓာတ်ငွေ့အခြေနေတင်းမာနေပြီး ပိုမိုဆိုးလာနိုင်ဟုစည်းကမ်းထိန်းသိမ်း‌ရေးမှုးများဆို

ဘာလင်၊စက်တင်ဘာ ၃

ရုရှား၏ Gazprom ကုမ္ပဏီ Nord Stream 1 ပိုက်လိုင်းပြန်လည်ဖွင့်ချိန်ကိုသက်တမ်းတိုးလိုက်ချိန်တွင် ဂျာမဏီ၏သဘာဝဓာတ်ငွေ့ထောက်ပံ့မှုအခြေနေသည် လက်ရှိတွင်အာမခံချက်ရှိနေသေးသော်လည်း အခြေနေများတင်းမာလျက်ရှိပြီး နောက်ထက်ယိုယွင်းမှုများ မရှိတော့ဟုမဆိုနိုင်ကြောင်း နိုင်ငံ၏ကွန်ရက်ထိန်းချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ရုရှားသည် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းနေသဖြင့် ဓာတ်ငွေ့ပို့လွှတ်မှုကိုဖြတ်တောက်ထားကာ စက်တင်ဘာ (၃) ရက်နောက်ဆုံးထားပြန်လည်ဖွင့်လှစ်ပေးမည်ဆိုသော်လည်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေစဉ်မှာပင် တာဘိုင်အတွင်း ရေနံယိုစိမ့်မှုတွေ့ရှိခဲ့သည်ဟုဆိုကာ စက်တင်ဘာ (၃) ရက်တွင် ပိုက်လိုင်းပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်သော်လည်း ထပ်မံရွှေ့ဆိုင်းခဲ့သည်။

“ရုရှားဘက်မှ ပေးထားသောအကြောင်းပြချက်သည် လည်ပတ်မှုရပ်ဆိုင်းလောက်သည်အထိ ပြင်းထန်သောနည်းပညာဆိုင်ရာ အကြောင်းပြချက်မျိုးမဟုတ်ပါ” ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၎င်း၏နေ့စဉ် ဓာတ်ငွေ့အခြေနေအစီရင်ခံစာတွင် ပြောကြားခဲ့သည်။

Source – Reuters/ic


LEAVE A REPLY

Please enter your comment!
Please enter your name here