မိုးနဲမြို့နယ်တွင် အရက်မူးနေသူက ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးအား ဓားဖြင့်ခုတ်သတ်ခဲ့

0
205

မိုးနဲမြို့နယ်တွင် အရက်မူးနေသူက ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးအား ဓားဖြင့်ခုတ်သတ်ခဲ့

ရှမ်းပြည်နယ်၊မိုးနဲမြို့နယ်၊လွိုင်မြေရပ်ကွက်၊အုပ်စု(၂)တွင် အရက်မူးနေသည့် အမျိုးသားက အသက်(၃)နှစ်အရွယ်ရှိ ကလေးငယ်အပါအဝင် ၃ ဦးအား ဓားဖြင့်ခုတ်သတ်ခဲ့မှု စက်တင်ဘာ ၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲကျော်က လွိုင်မြေရပ် ကွက်၊အုပ်စု(၂)တွင် အရက်မူးနေသည့် ကိုလုံးကုန သည်ရပ်ကွက်နေသူများဖြစ်သည့် မနန်းဆွမ့်(ခ)နန်းဟွမ်ငင်းနှင့်အသက်(၃)နှစ်အရွယ်ရှိ မောင်စိုင်းမွမ်းဆိုင်တို့အား ခြံဝင်းအတွင်း၌ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပတ်ဝန်းကျင်နေသူများကိုပါဓားဖြင့်လိုက်ခုတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြပြီး ယင်း ခြံဝင်းအတွင်းရှိနေအိမ်ပေါ် သို့တက်ရောက်စစ်ဆေးရာ နေအိမ်ဧည့်ခန်းအတွင်း၌ ကိုပါဆု အားဓားခုတ်ခံထားရသည့် ဒဏ် ရာများလဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ဓားခုတ်ဒဏ်ရာရရှိထားသူတို့အား လူနာတင် ကားဖြင့် မိုးနဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ကိုပါဆု မှာထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုးနဲမြို့မရဲစခန်းက ဓားဖြင့်ခုတ်ခဲ့သူ ကိုလုံးကုန ဖမ်းဆီး၍အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here