စားသုံးဆီ လက်ကားရည်ညွှန်းဈေး ၅၂၀၀ ကျော်အထိ သတ်မှတ်

0
231

စားသုံးဆီ လက်ကားရည်ညွှန်းဈေး ၅၂၀၀ ကျော်အထိ သတ်မှတ်

စားသုံးလက်ကားဈေးနှုန်းများကို အပတ်စဉ် သတ်မှတ်ပေးလျက်ရှိရာ ယခုတပတ်အတွင်း ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျင်  ၅၂၂၀ ကျပ်ဖြင့် ရည်ညွှန်းသတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံ မှ သိရသည်။

ပြီးခဲ့သည့် လက ဈေးကွက်တွင်း ရောင်းချရန် အသင်း ၏ ရည်ညွှန်းဈေးနှုန်းမှာ ကျပ် ၄၀၀၀ ကျော်သာ ရှိခဲ့ရာမှ ယခုအပတ်တွင် ၅၂၀၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဈေးနှုန်းသတ်မှတ်နေရခြင်းမှာ ကမ္ဘာ့ စားသုံးဆီ ဈေးကွက်ပေါက်ဈေးနှင့် သယ်ယူစရိတ်၊ တင်ပို့ခများ အပါအဝင် ၊ အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်း၌ ရောင်းချသင့်သည့် ဈေးနှုန်းများ တွက် ချက်သတ်မှတ်ပေးနေခြင်းဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော် မတီထံမှ သိရသည်။

လက်ရှိ ပြည်တွင်း စားသုံးဆီဈေးကွက်တွင် တစ်ပိဿာလျင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ဝန်းကျင် ရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ စားသုံဆီ ရောင်းချသူများက ပြောသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် အသင်း၏ ရည် ညွှန်းဈေးဖြင့် တစ်အိမ်ထောင်လျင် ၅၀ ကျပ်သားနှုန်း လိုက်လံရောင်းချမှုများ ရှိနေသော်လည်း ဝယ်လိုအား များပြားမှုကြောင့် လောက်ငှစွာ ဝယ်ယူ၍ မရရှိကြောင်း ပြည်သူများကလည်း ပြောကြားသည်။

” အစ်မတို့ ရပ်ကွက်ထဲလည်း လာတော့ ရောင်းတာပဲ ။ ဒါ ပေမဲ့ ဝယ်မယ့်သူက များနေတော့ ဘယ်လိုမှ မလောက်ဘူး” ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။

နစကအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးထားပြီး လိုအပ်ပါက ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here