ဖိလစ်ပိုင်သမ္မတ မားကို့စ်ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်

0
137

ဖိလစ်ပိုင်သမ္မတ မားကို့စ်ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်

မနီလာ၊ စက်တင်ဘာ ၅

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် အိမ်နီးချင်းနှစ်နိုင်ငံကြား ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် အခြားဆက်ဆံရေးကို မြှင့်တင်မည့် နိုင်ငံတော် ခရီးစဉ်အနေဖြင့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် စက်တင်ဘာလ ၅ ရက် တနင်္လာနေ့တွင် တွေ့ဆုံခဲ့သည်။

မားကို့စ်၏ အဆိုပါ ခရီးစဉ်သည် မေလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် သွားရောက်ခဲ့သည့် ၎င်း၏ ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ် ဖြစ်သည်။ 

သမ္မတ ဝီဒိုဒိုက ၎င်းတို့နှစ်ဦးသည် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ ငါးနှစ်တာ သံတမန်ရေးရာ ဆောင်ရွက်မှု အစီအစဉ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ရေကြောင်း နယ်နိမိတ်ဆိုင်ရာ အစီအစဉ်များကို အရှိန်မြှင့်ရန်နှင့် ပြန်လည်သုံးသပ်ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘိုဂေါမြို့ ရှိ နိုင်ငံ့ နန်းတော်တွင် ဂျိုကိုဝီ နှင့် တွေ့ဆုံစဉ် မားကို့စ်က နှစ်နိုင်ငံစလုံးသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော ဒေသတွင်းအဖွဲ့ ဖြစ်သည့် အာဆီယံမှတစ်ဆင့် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒေသတွင်းသာမက တခြားကမ္ဘာ့နိုင်ငံတွေမှာပါ ပထဝီဝင်နိုင်ငံရေးအရ မငြိမ်မသက်ဖြစ်နေချိန်မှာ အခက်အခဲတွေ ကြုံတွေ့လာရင် အာဆီယံအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ယုံကြည်တဲ့ အခန်းကဏ္ဍကို အကျယ်တဝင့်ပြောခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် နှစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သော အသေခံဗုံးခွဲမှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံလုံးကလုံခြုံရေးကို စိုးရိမ်‌ ကြောင်း‌ ပြောကြားခဲ့ကြသည်။

မားကို့စ်သည် အင်ဒိုနီးရှားအား ၎င်းနိုင်ငံ၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံများထဲမှ တစ်နိုင်ငံဟု ဖော်ပြထားသူဖြစ်ပြီး အင်္ဂါနေ့တွင် စင်ကာပူသို့ သွားရောက်လည်ပတ်မည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here