တရုတ်တိုက်လေယာဉ်နှစ်စင်း ထိုင်ဝမ် ရေလက်ကြားမျဉ်းကို ထပ်မံဖြတ်ကျော်ခဲ့ဟုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနပြော

0
141

တရုတ်တိုက်လေယာဉ်နှစ်စင်း ထိုင်ဝမ် ရေလက်ကြားမျဉ်းကို ထပ်မံဖြတ်ကျော်ခဲ့ဟုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနပြော

ထိုင်ဝမ်ရေလက်ကြား၏ အလယ်တန်းမျဉ်းကို တရုတ်တိုက်လေယာဉ်နှစ်စင်း  ကထပ်မံဖြတ်ကျော်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ စုစုပေါင်းတရုတ်လေယာဉ်လေးစင်းနှင့် တရုတ်သင်္ဘောငါးစင်းတို့သည် တိုင်ပေတစ်ဝိုက်တွင် လှည့်ပတ်လျက်ရှိသည်ဟုဆိုသည်။

ထိုင်ဝမ်အားဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်များ ရောင်းချကြောင်း ဘိုင်ဒင် အစိုးရကကြေညာပြီးနောက် ယခုကဲ့သို့ထပ်မံကျူးကျော်လာခြင်းဖြစ်သည်။အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီက တိုင်ပေသို့လာရောက်လည်ပတ်ပြီးနောက် ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်ခဲ့သည်။

ပြီးခဲ့သည့်လက ပေလိုစီ၏ခရီးစဉ်အပြီး၌ ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကနှင့် တရုတ်တို့ကြား တင်းမာသောသဘောထားကွဲလွဲမှုများ သိသိသာသာမြင့်တက်လာခဲ့သည်။တင်းမာမှုများ မြင့်မားလာမှုကို မီးမောင်းထိုးပြသည့် အဖြစ်အပျက်တစ်ခုအနေဖြင့် ကြာသပတေးနေ့က တရုတ်ကမ်းရိုးတန်းအနီးရှိ ၎င်း၏ကျွန်းကင်းစခန်းတစ်ခုအပေါ်၌ ပျံဝဲနေသောဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်ကပြောကြားခဲ့သည်။

ထိုင်ဝမ်အား၎င်း၏ ပိုင်နက်အစိတ်အပိုင်း တစ်ခုဟု အခိုင်အမာဆိုထားသည့် တရုတ် သည် အနာဂတ်ကျူးကျော်မှုတစ်ရပ်အတွက် စမ်းသပ်ပွဲဖြစ်နိုင်သည့် အင်အား ပြသမှုကို စတင်လိုက်ပြီဖြစ်သည်ဟုဆိုသည်။

၁၉၄၉ ခုနှစ်ပြည်တွင်းစစ်အပြီး၌ တရုတ်နှင့် ထိုင်ဝမ်တို့သည် ပေကျင်းနှင့်ထိုင်ဝမ်အဖြစ်ခွဲထွက်ကာ လွတ်လပ်ရေးရပြီးနောက် ၂၀၁၆ တွင် အလွတ်သဘော အဆက်အသွယ်ဖြတ်တောက်ကာ ထိုင်ဝမ်သမ္မတအဖြစ် လက်ရှိသမ္မတဆိုင်အင်ဝမ်ကိုသာအားကိုးရပ်တည်ခဲ့သည်။

ရုရှားကယူကရိန်းသို့ကျူးကျော်အပြီး တရုတ်အ‌နေနဲ့ ရုရှားနည်းအတိုင်း ထိုင်ဝမ်မှာလည်းတစ်ထေရာတည်းလိုက်လာနိုင်သလား၊ကျွန်းနိုင်ငံလေးထိုင်ဝမ်ကရော သူ့ကိုယ်သူခုခံကာကွယ်ဖို့ အဆင်သင့်ရှိမလားဆိုသည့်မေးခွန်းများကို ကျွမ်းကျင်သူများက မေးခွန်းထုတ်ခဲ့ကြသည်။

၎င်း၏နှစ်စဉ်ဘတ်ဂျက်တွင် ၁၂ ဒသမ ၉ ရာခိုင်နှုန်းတိုးလာသဖြင့် ဆိုင်၏အစိုးရသည် ဒရုန်းကာကွယ်ရေးများ အားကောင်းလာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ထိုင်ဝမ်သိမ်းပိုက်ထားသော ကျွန်းသုံးကျွန်းပေါ်၌ဒရုန်းများ ပျံဝဲနေကိုထိုင်ဝမ်အစိုးရကသတိပေးထားသည်။

Source -WIO NEWS


LEAVE A REPLY

Please enter your comment!
Please enter your name here