ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အဂတိမှုဖြင့် စွဲဆိုထားသည့် ရဟတ်ယာဉ်အမှုတွင် တရားလိုပြသက်သေအားစစ်ဆေး

0
156

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အဂတိမှုဖြင့် စွဲဆိုထားသည့် ရဟတ်ယာဉ်အမှုတွင် တရားလိုပြသက်သေအားစစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့ ပူးတွဲစွဲဆိုခံထားရသည့် ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူစဥ်က အဂတိလို က်စားခဲ့သည်ဆိုသည့်အမှုအတွက် လူကယ်ပြန် အတွင်းဝန်ကို ယနေ့ နေပြည်တော် အထူးတရားရုံး၌
လိုပြသက်သေအဖြစ် ကြားနာစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူ များထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်တွင် နေပြည်တော်အကျဥ်းထောင် အထူးတရားရုံးတွင် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ကြားနာမှုတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အတွင်းဝန် ဦးကိုကိုနိုင်က တရားလိုပြ သက်သေအနေဖြင့် လာရောက်ထွက်ဆိုသွားသည်ဟု သိရသည်။

သဘာဝဘေး ကူညီကယ်ဆယ်ရေးတွင် အသုံးပြုရန် အီတလီထုတ် ရဟတ်ယာဥ်တစ်စီး ငှားရမ်းအသုံးပြုရာတွင်၊ပြုပြင် ထိန်းသိမ်းမှုများပြုလုပ်ရာတွင် စည်းမျဥ်းစည်းကမ်းနှင့် အညီမပြုလုပ်ခဲ့ဘဲ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်​ရေးဥပ​ဒေများဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်း အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စုစုပေါင်းအမှု ၁၉ ခု ဖြင့်ရင်ဆိုင်နေပြီး ထိုအထဲမှ အမှု ၁၁ ခုအတွက် ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်ခံထားရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here