ဗြိတိန်ဝန်ကြီးချုပ်အသစ် လစ်ထရပ်စ်ကအနိုင်ရရှိပြီးနောက် အခွန်​လျော့ချမည်ဟုဆို

0
164

ဗြိတိန်ဝန်ကြီးချုပ်အသစ် လစ်ထရပ်စ်ကအနိုင်ရရှိပြီးနောက် အခွန်​လျော့ချမည်ဟုဆို

လန်ဒန်၊စက်တင်ဘာ ၅

အာဏာရကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် တနင်္လာနေ့ကအနိုင်ရရှိခဲ့သော လစ်ထရပ်စ်သည်ဗြိတိန်၏ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် အခွန်​လျော့ချမှုဆိုင်ရာ ကတိများကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တစ်စတစ်စကြီးထွားလာနေသော စွမ်းအင်အကျပ်အတည်းကိုလည်း ကိုင်တွယ်ဖြေရှင်း​ပေးမည်ဟုကတိပြုခဲ့သည်။

ပါတီခေါင်းဆောင်ရွေးချယ်မှုကို ရက်သတ္တပတ်ပေါင်းများစွာယှဉ်ပြိုင်ခဲ့ရပြီး လက်ရှိနိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ထရပ်စ်က(၈၁,၃၂၆ မဲ)ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနက်(၆၀,၃၉၉ မဲ)အားအနိုင်ယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

“အခွန်​လျော့ချပြီး ကျွန်မတို့နိုင်ငံရဲ့စီးပွားရေးကိုတိုးတက်အောင်လုပ်နိုင်တဲ့ ခိုင်မာသေချာတဲ့အစီအစဉ်တစ်ခုကို ကျွန်မပေးမှာပါ” ဟု ထရပ်စ်က ရလာဒ်ကြေငြာပြီးနောက်ပြောကြားခဲ့သည်။ “စွမ်းအင်အကျပ်အတည်းကြောင့် ပြည်သူတွေရဲ့ကုန်ကျစရိတ်တွေအပြင် စွမ်းအင်ထောက်ပံ့မှုနဲ့ပတ်သက်တဲ့ ရေရှည်ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်အောင်ကြိုးစားသွားပါမယ်” ဟု ၎င်းကဆိုခဲ့သည်။

ယူကရိန်းကိုမှီ​နေရသည့် ဥရောပတွင်လူနေမှုစရိတ်၊စက်မှုမငြိမ်သက်မှု၊စီးပွားရေးကျဆင်းမှုနှင့် စစ်ပွဲများနှင့်ရင်ဆိုင်နေရချိန်တွင် ထရပ်စ်သည် အာဏာကိုလွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

သူမသည်ဇူလိုင်လက ရာထူးမှနုတ်ထွက်ရန်ဖိအားပေးခံခဲ့ရသည့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ နေရာကိုဆက်ခံခဲ့ခြင်းဖြစ်သည်။မစ္စတာ ဂျွန်ဆင်သည် အင်္ဂါနေ့တွင် အဲလိဇဘက်ဘုရင်မကြီးနှင့်တွေ့ဆုံရန် စကော့တလန်သို့ သွားရောက်မည်ဖြစ်ပြီး ၎င်း၏နှုတ်ထွက်စာကိုတရားဝင်တင်သွင်းသွားမည်ဖြစ်သည်။ထရပ်စ်သည်လည်း၎င်းနောက်မှလိုက်ကာ သူမဦးဆောင်မည့်အစိုးရအဖွဲ့ကိုဖွဲ့ရန် ဘုရင်မကြီးထံတင်သွင်းမည်ဖြစ်သည်။

ဝန်ကြီးချုပ်ဂျွန်ဆင်လက်ထက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော အသက် ၄၇ နှစ်အရွယ်ရှိ ထရပ်စ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှစ၍ ကွန်ဆာဗေးတစ်ပါတီ၏လေးဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

၎င်း၏မဲဆွယ်ကာလအတွင်းကလည်း အခွန်တိုးမြှင့်မှုများကိုဖျက်သိမ်းကာ အခြားအခွန်အခများကိုဖြတ်တောက်ခြင်းဖြင့် အစဉ်အလာတစ်ရပ်ကိုစိန်ခေါ်ရန်အချက်ပြခဲ့သော်လည်း အဆိုပါလုပ်ရပ်သည် ငွေကြေးဖောင်းပွမှုကိုအားဖြည့်ပေးသည်ဟု စီးပွားရေးပညာရှင်အချို့ကဆိုကြသည်။

အတိုက်အခံလွှတ်တော်အမတ်များက ယခုလိုဖြစ်ရခြင်းသည် ကွန်ဆာဗေးတစ်ပါတီအစိုးရ၏ ၁၂ နှစ်ကြာညံ့ဖျင်းသော အုပ်ချုပ်မှုရလာဒ်ကြောင့်ဖြစ်သည်ဟုဆိုပြီး အစောပိုင်းကာလရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် တောင်းဆိုခဲ့သည်။သို့သော် ထရပ်စ်အနေဖြင့်ရှည်လျား ခက်ခဲသောဖြေရှင်းစရာများနှင့်ရင်ဆိုင်နေရသဖြင့် ၎င်းတို့ပြောသလိုအစောပိုင်းကာလရွေးကောက်ပွဲကိုတော့ ခွင့်ပြုမည်မဟုတ်ကြောင်းပြောကြားထားသည်။

ပြိုင်ပွဲတစ်လျှောက် ထရပ်စ်သည် သူမပါတီ၏လွှတ်တော်အမတ်များအကြား ရေပန်းအစားဆုံးရွေးချယ်မှုမဟုတ်သဖြင့် သူမရှေ့အဆက်ဆက်ဝန်ကြီးချုပ်များနှင့်ယှဉ်ပါကအစပျိုးမှုအားနည်းသည်ဟု ​လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here