စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးထားသော်လည်း တစ်လီတာ ၂၅၀၀ အထိ ဈေးပြန်ဖြစ်

0
276

စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးထားသော်လည်း တစ်လီတာ ၂၅၀၀ အထိ ဈေးပြန်ဖြစ်

အစိုးရက စက်သုံးဆီတင်သွင်းသူများကို ကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမည်ဟု ကြောညာပြီးနောက် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်း ၂၅၀၀ ကျော်ပြန်လည်ဖြစ်လာကြောင်း သိရသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီက ယနေ့ စက်တင်ဘာလ (၆) ရက် ရန်ကုန်အထိုင်ဈေးကွက်အတွက် ရည်ညွှန်းသတ်မှတ်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (92) တစ်လီတာလျင် ၂၄၂၅ ကျပ်၊ (95) တစ်လီတာလျင် ၂၅၃၅ ကျပ်၊ (97) တစ်လီတာလျင် ၃၁၁၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။

အစိုးရက စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာသန်း ၂၀၀ ကျော် ထုတ်ချေးပေးမည်ဟု ကြေညာခဲ့သည့် ရက် ပိုင်းက စက်သုံးဆီ တစ်လီတာလျင် ၂၄၀၀ ဝန်းကျင်အ ထိ ကျဆင်းခဲ့သော်လည်း အဆိုပါ ဈေးနှုန်းမှာ တစ်ပတ်အတွင်း ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယနေ့စက်တင်ဘာလ (၆) ရက် မန္တလေး စက်သုံးဆီဈေး ကွက်အတွင်း ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းမှာ 92 တစ်လီတာလျင် ၂၄၇၀ ကျပ်၊ 95 တစ်လီတာလျင် ၂၅ ၈၀ ကျပ်၊ 97 တစ်လီတာလျင် ၃၁၅၅ ကျပ် ၊ ဒီဇင်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၃၂၄၀ ကျပ် ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် သတ်မှတ်ထားသည့်  စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင်လည်း 95 တစ်လီတာလျင် ၂၆၀၀ မှ ၂၃၈၀ ကျပ်အထိလည်းကောင်း၊ 92 တစ်လီတာလျင် ၂၄၀၀ ကျော်မှ ၂၇၀၀ ကျော်အထိ လည်းကောင်း အသီးသီး ရည်ညွှန်း သတ်မှတ်ထားကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုရက် ပိုင်းအတွင်း ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီ ဂါလံ ၃၀၀၀၀ ကျော် ပထမအသုတ်အနေဖြင့် ရောက်ရှိလာမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here