နူကလီယားစွမ်းအင် လုပ်​ဆောင်မည့်စီမံချက်ရှိ​နေပုံရသည့် နစက

0
173

နူကလီယားစွမ်းအင် လုပ်​ဆောင်မည့်စီမံချက်ရှိ​နေပုံရသည့် နစက 

ကမ္ဘာ့ထိပ်တန်းရုရှအဏုမြူ​ကော်ပို​ရေးရှင်းနှင့် နစက တို့ သ​ဘောတူလက်မှတ်ထိုးခြင်းများ ယ​နေ့ပြုလုပ်သဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍ အ​ပြောင်းအလဲ၏အစလားဟု ထင်စရာဖြစ်သည်။ လက်မှတ်ထိုးသည့်အချက်များကို မသိရ​သော်လည်း ထို​ကော်ပို​ရေးရှင်း၏ လုပ်ငန်းစဥ်များက​တော့ ​အောက်ပါအတိုင်းဖြစ်သည်။

ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်သည့်​ရော့စ်အက်တမ် ​ကော်ပို​ရေးရှင်းသည် နျူကလီးယားစွမ်းအင်၊ နျူကလီးယားမဟုတ်သောအခြား စွမ်းအင်၊ နည်းပညာမြင့်ထုတ်ကုန်များ ထုတ်ပြီး ဌာနချုပ်က မော်စကိုတွင် ရုံးစိုက်ထားသည်။ 

အဆိုပါသိပ္ပံသုတေသနအဖွဲ့အစည်းသည် ကမ္ဘာ့တစ်ခုတည်းသော နျူကလီးယားရေခဲခွဲသင်္ဘောများအပါအဝင် လုပ်ငန်းပေါင်း ၃၅၀ ကျော်လုပ်ကိုင်​နေသည်။

ထိုကော်ပိုရေးရှင်းသည် ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းတွင် အကြီးဆုံးသော လုပ်ငန်းတစ်ခုဖြစ်ပြီး  ရုရှားရှိ စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၂၀.၂၈% ကို ထုတ်လုပ်သည့် နိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။

ရုရှားနိုင်ငံပိုင် ထိုအဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အလက်စီ လီခါချော့ဖ်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်ရုရှသို့​ရောက်ရှိ​နေသည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်သဘောတူညီချက်များလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

Rosatom ၏ မဟာဗျူဟာသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လေစွမ်းအင်ကို ပိုမိုဖွံ့ဖြိုး​အောင်လုပ်​ဆောင်မည်ဟူ၍ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here