အုတ်တွင်းမြို့တွင် ကျောင်းသူတစ်ဦး သတိလစ်လဲကျပြီးသေဆုံး၊ စစ်ဆေးရာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့

0
223

အုတ်တွင်းမြို့တွင် ကျောင်းသူတစ်ဦး သတိလစ်လဲကျပြီးသေဆုံး၊ စစ်ဆေးရာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့

ပဲခူးတိုင်း၊အုတ်တွင်းမြို့တွင် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက ဆော့ကစားနေသည့် (၇)တန်းကျောင်းသူတစ်ဦးဖြစ်သူ မခင်အိဖြူသည် ရုတ်တရက်မူးလဲကာ သတိ လစ်သွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)က အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး သက်သာခြင်းမရှိသဖြင့် တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တောင်ငူမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော်လည်း ပြန်လည်သက်သာလာခြင်းမရှိသဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေး ရုံသို့ ထပ်မံပို့ဆောင်၍ ဆေးကုသမှုခံယူနေစဥ် စက်တင်ဘာ ၆ ရက်(ယနေ့)နံနက်ပိုင်းတွင် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့်(၇)တန်းကျောင်းသူ၏ ရုပ်အလောင်းအား ယနေ့၌ပင် နေပြည်တော်တွင် သဂြိုလ်ခဲ့ကြကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

သေဆုံးခဲ့သည့်ကျောင်းသူ၏ မိသားစုဝင်များနှင့်ဆက်စပ်သူ ၁၀ ဦးအား အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရခြင်းရှိ၊မရှိအား RTD Test ဖြင့်စစ် ဆေးခဲ့ရာ ရောဂါကူးစက်ဖြစ်ပွားမှုမရှိခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here