တိုင်ဖွန်းမုန်တိုင်းနီးလာသဖြင့် ဂျပန်တွင်ထုတ်လုပ်မှုအချို့ရပ်ဆိုင်း၊ လေကြောင်းခရီးစဉ်အချို့ဖျက်သိမ်း

0
215

တိုင်ဖွန်းမုန်တိုင်းနီးလာသဖြင့် ဂျပန်တွင်ထုတ်လုပ်မှုအချို့ရပ်ဆိုင်း၊ လေကြောင်းခရီးစဉ်အချို့ဖျက်သိမ်း

တိုကျို၊စက်တင်ဘာ ၅

ဂျပန်နိုင်ငံ၌ စက်တင်ဘာ ၅ ရက် တနင်္လာနေ့တွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာမှုကြောင့် လေကြောင်းလိုင်းခရီးစဉ်များ ဖျက်သိမ်းကာ နိုင်ငံအနောက်ပိုင်းရှိ စက်ရုံများ၏ ထုတ်လုပ်မှုအချို့ကို ဆိုင်းငံ့ထားလိုက်ရကြောင်း သိရှိရသည်။

တိုင်ဖွန်းဟင်နမ်‌နောကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္လာနေ့က အနောက်ဘက်အကျဆုံး ကျူရှူးကျွန်းသို့ဝင်ရောက်တိုက်ခတ်နေပြီဖြစ်သည်။အင်္ဂါနေ့နှောင်းပိုင်းတွင် မုန်တိုင်းအဖြစ်တိုက်ခတ်ပြီး ကိုရီးယားနိုင်ငံသို့ ဦးတည်ရွေ့လျားလာကာ မိုးနှင့်လေပြင်းများ ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းထားသဖြင့် တိုင်ဖွန်းမုန်တိုင်းသတိပေးချက်အဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ထားကြောင်းသိရှိရသည်။

ကျူရှူးကျွန်းရှိဒေသများသည် အင်္ဂါနေ့မွန်းတည့်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀၀ မီလီမီတာခန့် မိုးရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကပြောကြားပြီး လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဒီရေတက်နိုင်ခြေကိုလည်းသတိပေးထားသည်။

လေကြောင်းခရီးစဉ် ၇၀ ခန့်ကိုလည်း တနင်္လာနေ့က ဖျက်သိမ်းခဲ့ကြောင်း ဂျပန်မီဒီယာကများကပြောကြားခဲ့သည်။တိုယိုတာသည်လည်း ဒေသစံတော်ချိန် ည ၉ နာရီမှစတင်ကာ တနင်္လာနေ့ညဆိုင်းထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး အင်္ဂါနေ့နံနက်ပိုင်းတွင် ဖူကူအိုကာစီရင်စုရှိ စက်ရုံသုံးရုံ၏ ထုတ်လုပ်မှုကို ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

ကားထုတ်လုပ်သည့် တိုယိုတာကုမ္ပဏီအနေဖြင့် အင်္ဂါနေ့ညဆိုင်းတွင် ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်ရန် မျှော်လင့်ထားကြောင်း ၎င်း၏ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

ဖူကူအိုကာစီရင်စုရှိ နစ်ဆန်းမော်တာနှင့်နစ်ဆန်းရှတိုင်လက်အောက်ခံ ကုမ္ပဏီများသည် တနင်္လာနေ့ညနှင့်အင်္ဂါနေ့ နေ့ခင်းအဆိုင်းများအတွက် ထုတ်လုပ်မှုကိုဆိုင်းငံ့ထားဖွယ်ရှိသည်ဟုဖော်ပြထားသည်။

တိုင်ဖွန်းဟင်နမ်နော နီးကပ်လာသဖြင့် တောင်ကိုရီးယားရှိ အချို့သောစီးပွားရေးလုပ်ငန်းများသည်လည်း လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းရန်စဥ်းစားနေကြသည်ဟုသိရှိရသည်။

Source -Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here