စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက် ဆုံးအကြိမ်ဖြေဆိုမှုအား ၂၀၂၃ ခုနှစ်၌ ကျင်းပသွားမည်ဖြစ်ကာ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်

0
340

စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက် ဆုံးအကြိမ်ဖြေဆိုမှုအား ၂၀၂၃ ခုနှစ်၌ ကျင်းပသွားမည်ဖြစ်ကာ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများအတွက် စနစ်ဟောင်း၊သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ကျင်းပပေးသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ လျှောက်ထားရမည်ဖြစ်ကာ တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀ဝ ကျပ်နှင့်လျှောက်လွှာတစ်စောင် ၂၀ဝ ကျပ် (စုစုပေါင်း ၉၀ဝ ကျပ်)ကျသင့်မည်ဖြစ်သည်။

အလားတူ လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများသည် အစိမ်းရောင်ဝင်ခွင့်လျှောက် လွှာနှင့်ကတ်ပြားပုံစံ၊ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့်ဖြေဆိုမည့်သူများသည် ပန်း ရောင်ဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားပုံစံတို့ဖြင့် တင်သွင်းရမည်ဖြစ်သည်။

ထို့ပြင် အ.ထ.က ကျောင်းများ၊ကျောင်းခွဲများ၊တွဲ ဖက်ကျောင်းများနှင့်ကိုယ်ပိုင် အ.ထ.က ကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဝင် ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူ၍ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်ကာ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့  သတ်မှတ်ရက်အမီ ကျောင်းအုပ်ကြီးများက တင်သွင်းရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အလားတူ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သူ များသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန်  ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူ၍ ဝင်ခွင့်လျှောက် လွှာ၏ ဘယ်ဘက်ထိပ်ပိုင်းတွင်ကပ်ကာ အမှန်တ ကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးများ၌ သတ်မှတ်ရက်များအတွင်းတင်သွင်းရမည်ဖြစ် သည်။

ထို့အတူ စားမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံ၌ မိဘအမည်၊မွေးသက္က ရာဇ်များအား ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန် ကန်စွာဖြည့်စွက်ရမည်ဖြစ်သည်။

စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားတွင် ဖော်ပြထားသည့် ဘာသာတွဲမှအပ အခြားဘာ သာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ ဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများအား မှန် ကန်မှု ရှိ၊မရှိ သေချာစွာစစ်ဆေးကာ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်သည်။

ထို့ကြောင့် လျှောက်လွှာပုံစံများနှင့်ငွေသွင်းတံ ဆိပ်ခေါင်းများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ရုံးအမှတ်(၅၂)၊နေပြည်တော်နှင့်ရန်ကုန်မြို့၊လှိုင်မြို့နယ်၊လှိုင်တက္ကသိုလ်နယ်မြေ၊(၁၂) ရပ်ကွက်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here