ငါးသိုင်းချောင်းမြို့ရှိ နေအိမ်ခြံဝင်းအတွင်း၌ အ မျိုးသမီးကြီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သူအား နာ ရီပိုင်းအတွင်းဖမ်း ဆီးရမိခဲ့

0
483

ငါးသိုင်းချောင်းမြို့ရှိ နေအိမ်ခြံဝင်းအတွင်း၌ အ မျိုးသမီးကြီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သူအား နာ ရီပိုင်းအတွင်းဖမ်း ဆီးရမိခဲ့

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့၊မြို့မရပ်ကွက်ရှိ နေအိမ်ခြံဝင်း၌ အိမ်ပိုင်ရှင်ဒေါ်ခင်မေအုန်း(၅၅) နှစ်အား ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သူအား အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မြို့မရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်း၌ အမည်မသိအမျိုးသားတစ်ဦးမှ စက်တင် ဘာ ၆ ရက်နံနက် ၈ နာရီခွဲခန့်က အိမ်ပိုင်ရှင်ဒေါ်ခင်မေအုန်းအား ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ငါးသိုင်းချောင်းနယ်မြေရဲစခန်းက (ပ)၃၆/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရအမှုဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ စုံစမ်းစစ်ဆေးရာ ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေအိမ်ခေါင်းရင်းရှိ ဦးငြိမ်းချမ်းအောင်၏နေအိမ်သို့အလည်ရောက်နေသည့် ရှမ်း ပြည်နယ်၊ကွမ်းလုံမြို့နေ နေမျိုးလှိုင်(ခ)ကျော်မျိုးလှိုင်(၂၀)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား စစ်ဆေးရာ လွန်ခဲ့သည် ၄ လခန့်က ဦးငြိမ်းချမ်းအောင်  ၏ နေအိမ်သို့အလည်လာစဥ် ဒေါ်ခင်မေအုန်း မှပိုက် ဆံခိုးသည်ဟုစွပ်စွဲသဖြင့် အရှက်ရခဲ့ကာ  ယခုလာရောက်စဉ် ၎င်း၏နေအိမ်၌မွေးထားသည့် ခွေးကဟောင်သဖြင့် ဆဲဆိုခဲ့ရာမှ ဒေါ်ခင်မေအုန်းနှင့်စကားများခဲ့ကြောင်း သိရသည်။

ထို့နောက် အခင်းဖြစ်ပွားသည့်နေ့တွင် ဒေါ်ခင်မေအုန်း နေအိမ်နောက်၌ တံမြက်စည်းလှဲနေစဥ် အ ရှည်(၅)လက်မခွဲခန့်ရှိ ဝါးရိုးသံခွေတတ်အရိုးအ သွား(၁၄)လက်မခန့်ရှိဓားဖြင့် ဒေါ်ခင်မေအုန်း၏ ဝမ်းဗိုက်အား တစ်ချက်ထိုးခဲ့ပြီး လဲကျသွားချိန်၌ အချက်ပေါင်းများစွာထိုးသတ်ခဲ့သည်ဟု စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ငါးသိုင်းချောင်းနယ်မြေရဲစခန်းက ပြစ် မှုကျူးလွန်ခဲ့သူအား ဥပဒေအရထိရောက်စွာအ ရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here