မော်တော်ယာဉ် အလုံးစုံ အာမခံထားသူများ လက်ရှိ ကားဈေးနှုန်းများနှင့်တွက်၍ အာမခံကြေး ပေးသွင်းကြရန် မြန်မာ့အာမခံပြော

0
313

မော်တော်ယာဉ် အလုံးစုံ အာမခံထားသူများ လက်ရှိ ကားဈေးနှုန်းများနှင့်တွက်၍ အာမခံကြေး ပေးသွင်းကြရန် မြန်မာ့အာမခံပြော 

မော်တော်ယာဉ် အလုံးစုံအာမခံထားသူများ လက်ရှိ ကားဈေးနှုန်းများနှင့်တွက်၍ အာမခံကြေး ပေးသွင်းကြရန်နှ င့် လက်ရှိဈေးနှုန်းများနှင့်တွက်၍ ပေးသွင်းခြင်းမရှိသ ည့် အာမခံထားသူများအား Average Clause ဖြင့်သာ ပေးလျော်မည်ဖြစ်ကြောင်း မြန်မာ့အာမခံက ပြောသည်။

အဆိုပါ အာမခံကြေး တိုးမြှင့်ပေးသွင်းရန်ကိစ္စနှင့် ပတ် သက်၍ မြန်မာ့အာမခံလုပ်ငန်းက စက်တင်ဘာလ (၆) ရ က် ရက်စွဲဖြင့် စာထုတ်အသိပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညွှန်ကြားစာတွင် အလုံးစုံအာမခံထားရှိသောမော်တော်ယာဉ်များကို Market Value အတိုင်း စိစစ်ထားရှိပေးရန်ဟု ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်သည်။


ထို့အပြင် လက်ရှိမြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဈေး နှု န်းများ မြင့်တက်နေသဖြင့် မော်တော်ယာဉ်အလုံးစုံ အာမ ခံ ထားရှိရာတွင် လက်ရှိကာလပေါက်ဈေးထက် လျော့ နည်းနေပြီး အာမခံသက်တမ်းဆက်ယာဉ်များအတွက် ထားရှိသည့် တန်ဖိုးမှာ လျော်ကြေးကာလပေါ်ပေါက်ချိန်တွင် လက်ရှိကာလပေါက်ဈေးထက် လျော့နည်းနေကြော င်းလည်း ဖော်ပြထားသည်။

ယင်းကဲ့သို့ လျော့နည်းနေခြင်းကြောင့် လျော်ကြေးစိစစ်တွက်ချက်ရာတွင် အငြင်းပွားမှုများ ကြုံတွေ့ရကြောင်းလည်း မြန်မာ့ အာမခံလုပ်ငန်း၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

အလုံးစုံမော်တော်ယာဉ် အာမခံပေါ်လစီ စည်းကမ်းချက်တွင်ပါရှိသည့် အာမခံ ထားငွေသည် ကာလပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း မနည်းလွန်း မများလွန်း ထားရှိရမည်ဟု ဖော်ပြပါရှိသောကြောင့် မော်တော်ယာဉ်ဈေးမြင့်ပါက အာမခံထားသူက ၎င်း၏ အာမခံတန်ဖိုးကို တိုး၍ အဆိုပြုရမည်ဖြစ်ပြီး ကာလပေါက်ဈေးအတိုင်း မထားရှိပါက အာမခံလုပ်ငန်းအနေဖြင့် Average Clasue ကို ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းက ဆို သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here