မြို့ပြစီမံကိန်းအားနည်းမူနှင့်ရာသီဥတု ဖောက်ပြန်​မူ ​ပေါင်းသွားသည့် ဘန်ဂါလူယူရ်​ရေကြီးမူ

0
125

မြို့ပြစီမံကိန်းအားနည်းမူနှင့်ရာသီဥတု ဖောက်ပြန်​မူ ​ပေါင်းသွားသည့် ဘန်ဂါလူယူရ်​ရေကြီးမူ

အိန္ဒိယနိုင်ငံ၏ ‘ဆီလီကွန်တောင်ကြား’၊ ဘန်ဂါလူယူရ် သည် ရေကြီး​ရေလျှံမူများကြား ဒုက္ခ​တွေ့နေရသည်။ ရေကြီးရေလျှံမှုများကြောင့် ကားရပ်နားရန်ပါကင်နေရာများ နှင့် နေအိမ်များသို့​ရေဝင်ခဲ့သည်။ 

ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေလွှမ်းမိုးမှုကို အပြစ်တင်ရမည်လား။သို့မဟုတ် လိုအပ်ချက်ရှိသော မြို့ပြစီမံကိန်းကို​ဝေဖန်ရမည်လား မသဲကွဲဟုဆိုကြသည်။

ကြာသပတေးနေ့တွင် Bengaluru ၏ အချို့နေရာများတွင် ရေကြီးရေလျှံမှုများ လျော့နည်းသွားသော်လည်း အိုင်တီမြို့တော်အတွက် အဆိုးဆုံးအခြေအနေမှာ မပြီးသေးဘဲ မြို့တော်အပါအဝင် တောင်ဘက်ပိုင်းတွင် နောက်နှစ်ရက်အထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသဗျူရိုက ခန့်မှန်းထားသည်။ စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အတွင်း ကမ်းရိုးတန်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) မှထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်ဟောင်းက ‘Brand Bengaluru’ ဘန်ဂါလူယူရ်၏ ဂုဏ်ကို ထိခိုက်ခဲ့တာ​ကြောင့် မြို့တော်၏ဂုဏ်အတွက်အားလုံးကို ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Bruhat Bengaluru Mahanagara Palike (BBMP) အတွင်းရှိ ခရိုင်ကျန်းမာရေးအရာရှိများကရောဂါများ ပြန့်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လည်း ကျန်းမာရေးကော်မရှင်နာမင်းကြီး Randeep D. က ညွှန်ကြားထားသည်။

Ref: IndianExpress


LEAVE A REPLY

Please enter your comment!
Please enter your name here