အင်္ဂလန် ၏ ပလ္လင်နန်း ကို ဆက်ခံနိုင်သည့် အရိုက်အရာခံနံပါတ်စဥ်ဇယား

0
456

အင်္ဂလန် ၏ ထီးမွေနန်းလျာကို ဆက်ခံနိုင်သည့် အရိုက်အရာခံနံပါတ်စဥ်ဇယား

ဘုရင်မကြီး အဲလိဇဘက် ၂ တွင် သားသမီး ၄ဦး၊​မြေး ၈ဦး၊မြစ် ၁၂ ဦးရှိရာ စုစု​ပေါင်း ၂၄ ​ယောက်သည်ဦးစား​ပေး အရိုက်အရာ ခံနိုင်သည့် ​တော်ဝင်နွယ်ဖွားများဖြစ်ကြသည်။ ​ဂျော့ချ် V ဘုရင် ၏အခြား​သောသားသမီးများက ဆင်းသက်လာသူများလည်း နန်းစဥ်ဇယားနံပါတ်များ ရှိသည်။

ဘုရင်မကြီးကံကုန်ချိန်တွင် ချားလ်စ်မင်းသားက ချားလ်စ် III ဘုရင်ကြီးဖြစ်လာပြီဖြစ်သည်။ ၄င်းသည် ဒိုင်ယာနာ ကွယ်လွန်ပြီး​နောက် အိမ်​ထောင်ရှိခဲ့ဖူးသူ ကင်မ်လာပတ်ကားဘိုးလ်နှင့် လက်ဆက်ခဲ့သဖြင့် အရိုက်အရာ ဆက်ခံခွင့်မရနိုင်ဟူသော ထင်​ကြေးများထွက်​ပေါ်ခဲ့ဖူးသည်။​


ထို​ကောလဟာလများသည် ၁၉၃၆ခုနှစ်ဆီက ဘုရင် အက်ဒွပ် VIII က အ​မေရိကန်သူ အိမ်​ထောင်ကွဲဖူးသည့် ​ဝေါ်လစ် ဆင်မ်ပ်စင်န် နှင့်လက်ဆက်ပြီး ထီးနန်းစွန့်ခဲ့သည် အချက်များအ​ပေါ်အ​ခြေခံ​၍ပြောခဲ့ကြခြင်းဖြစ်သည်။

ထီးနန်းအရိုက်အရာ ကို သားဦးရတနာကိုသာ လက်ဆင့်ကမ်းခဲ့သည့် အင်္ဂလန် အ​လေ့အထကို​တွေ့ရမည်ဖြစ်သည်။

ဘုရင်မကြီးက သူမ၏ဒုတိယသား​တော် အင်ဒရူးမင်းသားအား ​ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ရုတ်သိမ်းထား​သော်လည်း(သက်ငယ်မုဒိမ်းမူ​ကြောင့်) တရားရင်ဆိုင်ရသည့် အင်ဒရူး သည် နန်းစဥ်ဇယား နံပါတ် ၉ တွင်ရှိ​နေဆဲဖြစ်သည်။

Credit- usefulchart.com


LEAVE A REPLY

Please enter your comment!
Please enter your name here