မြစ်ကြီးနားမြို့တွင်တစ်သောင်းတန်နှင့်ငါးထောင်တန်ငွေစက္ကူအတုများအား ဖမ်းဆီးရမိ

0
226

မြစ်ကြီးနားမြို့တွင်တစ်သောင်းတန်နှင့်ငါးထောင်တန်ငွေစက္ကူအတုများအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအရ ပူးပေါင်းအဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် ရမ်ပူရပ်ကွက်နေသူများဖြစ်သည့် ကိုပိုင်လင်းထွေး(၂၃)နှစ်နှင့်ကိုပိုင်စိုးသူ (၂၇)နှစ်တို့အား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ တစ်သောင်းတန်ငွေစက္ကူအတု ၄ အုပ်နှင့် ၂၇ ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု တစ်အုပ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ၎င်းတို့နေထိုင်သည့် ‌နေအိမ်အားသွားရောက်ရှာဖွေစစ်ဆေးရာ နေအိမ်၌ ကိုအောင်သူရ(၂၁) နှစ်အား YOMA BANK စာတမ်းပါစာရွက်ဖြင့်ပတ်ထားသည့် တစ်သောင်းတန်ငွေစက္ကုအတုများနှင့်အတူ ငွေစက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မြစ်ကြီးနားမြို့မရဲစခန်းက ငွေစက္ကူအတုသိန်း ၈၀ ကျော်ခန့်နှင့်အတူ ဖမ်းဆီးရမိသူ ၃ ဦးအား ဗဟိုဘဏ်ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here