အိန္ဒိယနှင့်တရုတ်တပ်များ အနောက်ဟိမဝန္တာဒေသမှ ဆုတ်ခွာပြီဟုအိန္ဒိယဆို

0
130

အိန္ဒိယနှင့်တရုတ်တပ်များ အနောက်ဟိမဝန္တာဒေသမှ ဆုတ်ခွာပြီဟုအိန္ဒိယဆို

နယူးဒေလီ၊စက်တင်ဘာ ၈

နှစ်နှစ်ကြာသည်အထိ နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားပြီး သံတမန်ဆက်ဆံရေး တင်းမာလာခဲ့သည့် အိန္ဒိယနှင့်တရုတ်တပ်များသည် ဟိမဝန္တာအနောက်ဘက်ရှိ Gogra – Hotsprings နယ်နိမိတ်အတွင်းမှ စတင်ထွက်ခွာနေပြီဟု အိန္ဒိယအစိုးရက စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီတို့တက်ရောက်နိုင်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ၌ လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အစည်းအဝေးမတိုင်မီ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါတပ်များဆုတ်ခွာခြင်းကို ညှိနှိုင်းထားသည့်အစီအစဥ်အတိုင်း ဆောင်ရွက်နေပြီး နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း အိန္ဒိယကပြောကြားခဲ့သည်။

နှစ်နိုင်င်ငံနယ်စပ်ထိန်းချုပ်မှုမျဉ်း (LAC) ဟုလူသိများသော နယ်စပ်တလျှောက်တွင် ထောင်နှင့်ချီသော စစ်သည်များ တန်းစီနေသေးသော်လည်း “ထိပ်တိုက်ရင်ဆိုင်မှုကပြီးဆုံးသွားပါပြီ” ဟု အိန္ဒိယကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက နောက်ဆုံးသဘောတူညီချက်ကို ကိုးကား၍ပြောကြားခဲ့ပြီး တပ်တွေကိုလည်းဖြုတ်လိုက်ပါပြီ ဟုဖော်ပြထားသည်။

“ဒါဟာ အေးဆေးတည်ငြိမ်တဲ့ LAC ဆီသို့ ပထမဆုံးလှမ်းတဲ့ခြေလှမ်းဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်ကဆိုသော်လည်း ၎င်းအနေဖြင့် မီဒီယာများအားပြောခွင့်မရှိတာကြောင့် အမည်ဖော်ပြ‌ပေးရန်ငြင်းဆိုခဲ့သည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ရိုက်တာမှဆက်သွယ်မေးမြန်းသော်လည်း နူးဒေလီရှိ တရုတ်သံရုံးသည် ရိုက်တာ၏ဖုန်းနှင့်အီးမေးလ်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

အိန္ဒိယနှင့်တရုတ်တို့သည် နယ်နိမိတ်မျဉ်းမရှိ သောအကွာအ‌ ဝေးမှာကီလိုမီတာ ၃,၈၀၀ ရှိသည်။ ၎င်းတို့တပ်ဖွဲ့များသည် ယခင်နယ်နိမိတ်အတွင်း လက်နက်များအသုံးပြုခြင်းမှ ရှောင်ရှားရန် ကာလကြာရှည် ရပ်တည်ခဲ့သည့် စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

Ladakh ၏ Galwan ဧရိယာတွင် အိန္ဒိယနှင့် တရုတ်တပ်များ တိုက်ပွဲဖြစ်ချိန် ၂၀၂၀ ခုနှစ် ဇွန်လမှစတင်၍ နှစ်နိုင်ငံလုံးမှ စစ်ဦးစီးချုပ်များကြား ၁၆ ကြိမ်အထိတွေ့ဆုံမှုများရှိခဲ့သည်။

အိန္ဒိယစစ်သား အယောက်နှစ်ဆယ်နှင့် တရုတ်စစ်သားလေးဦးထက်မနည်း သေဆုံးခဲ့သည့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အာရှအင်အားကြီးနိုင်ငံများအကြား တင်းမာမှုများ သိသိသာသာတိုးမြင့်လာခဲ့သည်။

ထို့နောက်အိန္ဒိယသည် တရုတ်တပ်များဖြန့်ကျက်မှုကို အမှီလိုက်နိုင်ရန်အတွက် အောက်ဆီဂျင်ရှားပါးမှုနှင့်အေးခဲနေသော ဆောင်းရာသီအပူချိန်များက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်နေရာဖြစ်သော Ladakh ရှိ ပြိုင်ဖက်နယ်မြေများတစ်လျှောက် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းခဲ့သည်။

နှစ်ဖက်တပ်များ ပြန်လည်ခေါ်ယူရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်တပ်များက ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် Ladakh ရှိ Pangong Tso အိုင်ကမ်းစပ်မှ စခန်းတစ်ခုလုံးကိုဖယ်ရှားခဲ့ပြီး အဆောက်အဦး ဒါဇင်ပေါင်းများစွာကိုလည်း ပြန်လည်ဖြိုဖျက်ကာ မော်တော်ယာဉ်များကို ရွှေ့ပြောင်းခဲ့သော်လည်း ၎င်းတို့အနက် အချို့သည် နီးကပ်စွာတပ်စွဲထားကြဆဲဖြစ်သည်ဟုဆိုသည်။

Source -Reuters/vc


LEAVE A REPLY

Please enter your comment!
Please enter your name here