ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသူ ၇ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာ

0
463

ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသူ ၇ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာ

ဒူဘိုင်းရှိ အခန်းတစ်ခုအတွင်းပိတ်လှောင်ခံထားရသဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ Live လွှင့်၍ အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ ၇ ဦးသည် စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများအား ဒူဘိုင်းတွင်လစာကောင်းသည့် အလုပ်ရမည်ဟုဆိုကာ အီရတ်၊အီရန်၊ကာတာ၊ဘာရိန်း၊ကူဝိတ်၊ဆော်ဒီ၊ဂျော်ဒန်နှင့်အိုမန်နိုင်ငံများသို့ ရောင်းစားနေကြောင်းသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်မှစတင်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုသို့ စုံစမ်းစစ်ဆေးစဥ် မြန်မာနိုင်ငံသူ ၇ ဦးမှ သြဂုတ် ၂၅ ရက်တွင် ၎င်းတို့အား မကေသီမြင့်ဆိုသူက အီရတ်သို့သွားရမည်ဆိုကာ အခန်းတစ်ခုအ တွင်းပိတ်လှောင်ထားပြီး ပတ်စ်ပို့များကိုသိမ်း ထားကာ တစ်နေ့လျှင် ပဲဟင်းဖြင့်ထမင်းတစ်နပ်သာကျွေးကြောင်း လူမှုကွန်ယက်စာမျက်နှာ၌ Live လွှင့်၍အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၂၆ ရက်တွင် အကူအညီတောင်းခံခဲ့သည့် အမျိုးသမီး ၇ ဦးအား ဆက်သွယ်၍စုံစမ်းစစ်ဆေးပြီးနောက် ၎င်းတို့အား ပို့ဆောင်ခဲ့သည့် မကေသီမြင့်အား တာမွေမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့ အမှုဖွင့်ခဲ့ပြီးနောက် မကေသီမြင့်အား ဒူဘိုင်းရဲတပ်ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး အင်တာပိုလ်မှလည်း လူကုန်ကူးသူအဖြစ်ကြေညာခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ၎င်းထံသို့ ရန်ကုန်မြို့မှတဆင့် လူပို့ပေးနေသည့် မမီးမီးနှင့်မဆွေဆွေမြင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မြန်မာရဲတပ်ဖွဲ့မှ အင်တာပိုလ်၊ဒူဘိုင်းရဲ တပ်ဖွဲ့တို့နှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသူ ၇ ဦးအားကယ်ဆယ်၍ ဒူဘိုင်းအမျိုးသမီးစောင့် ရှောက်ရေးဂေဟာသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့်ဒူဘိုင်းရဲတပ်ဖွဲ့တို့မှ ဖြစ်စဥ်အားပူးပေါင်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူ မကေသီမြင့်နှင့်အတူ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသူ ၇ ဦးတို့အား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here