မြောက်ကိုရီးဟက်ကာများ ခိုးယူထားသည့် ကန်ဒေါ်လာ သန်း ၃၀ ကို အမေရိကန်က သိမ်းဆည်းရမိ

0
141

မြောက်ကိုရီးဟက်ကာများ ခိုးယူထားသည့် ကန်ဒေါ်လာ သန်း ၃၀ ကို အမေရိကန်က သိမ်းဆည်းရမိ

အက်ဖ်ဘီအိုင်နှင့် ပုဂ္ဂလိကစုံစမ်းစစ်ဆေးသူများသည် မြောက်ကိုရီးယားအစိုးရနှင့် ချိတ်ဆက်နေသော ဟက်ကာများ ဗီဒီယိုဂိမ်းကုမ္ပဏီမှ မတ်လ၌ ခိုးယူခဲ့သည့် ကန် ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိ ခရစ်ပတိုကာရန်စီများကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ခရစ်ပတိုထောက်လှမ်းရေး ကုမ္ပဏီ ချိန်းအနဲလစ်စစ်က စက်တင်ဘာလ ၉ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ချိန်းအနဲလစ်စစ်က ၎င်းသည် အက်ဖ်ဘီအိုင်နှင့် ပူးပေါင်းကာ ခိုးယူခံထားရသည့် ပိုက်ဆံများကို ပြန်လည်ရယူခဲ့သည်ဟု ဆိုသည်။

မကြာသေးမီလများအတွင်း ပြုံယမ်းအစိုးရ၏ ဟက်ကာများမှာ ခရစ်ပတိုကာရန်စီ ကုမ္ပဏီကြီးများထံမှ ဒေါ်လာသန်းရာပေါင်းများစွာ ခိုးယူခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် အမေရိကန်တရားဥပဒေစိုးမိုးရေးမှ အဆိုပါငွေများကို ပြန်လည်ရရှိစေရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အရာရှိများက မြောက်ကိုရီးယားသည် အဆိုပါငွေများအား နျူလက်နက် ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ကို စိုးရိမ်နေကြသည်။

ပြန်လည်ရရှိလာသော ဒေါ်လာသန်း ၃၀ မှာ အဆိုပါ ဂိမ်းကုမ္ပဏီ စကိုင်း မေဗစ်မှ မြောက်ကိုရီးယား ဟက်ကာများ မူလက ခိုးယူခဲ့သည့် ဒေါ်လာသန်း ခြောက်ရာကျော်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ကြောင်း အက်ဖ်ဘီအိုင်က ဆိုသည်။
သို့ရာတွင် ထိုသိမ်းဆည်းရမိမှုသည် ကျန်ရှိနေသော ငွေများကို ပြန်လည်ရယူပေးရန် တက်ကြွစွာကြိုးစားနေသော တရားဥပဒေစိုးမိုးရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးမှူများအတွက်မူ အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ချိန်းအနဲလစ်စစ်၏ အကြီးတန်းစုံစမ်းရေးဒါရိုက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအစိုးရ၏ ကျောထောက်နောက်ခံပြုထားခြင်းခံရသည့် ဟက်ကာများသည် မကြာသေးမီနှစ်များအတွင်း ခရစ်ပတိုကာရန်စီ လဲလှယ်မှုများကို ဝင်ရောက်စီးနင်းကာ ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အက်ဖ်ဘီအိုင်နှင့် အမေရိကန် တရားရေးဌာနသည် အဆိုပါသိမ်းဆည်းရမိမှုနှင့် စပ်လျဉ်း၍ လတ်တလော မှတ်ချက်ပေးထားခြင်း မရှိသေးပေ။

စကိုင်းမေဗစ်မှ အမှုဆောင်အရာရှိများကလည်း မှတ်ချက်ပေးရန် တောင်းဆိုထားသည်ကို တုံ့ပြန်ခြင်း မရှိသေးချေ။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here