အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေး အစည်းအဝေးသို့ တက်ရောက်၊ အာဆီယံ၏ ဦးဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ရေး ဆွေးနွေး

0
245

အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေး အစည်းအဝေးသို့ တက်ရောက်၊ အာဆီယံ၏ ဦးဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ရေး ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၊အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင်ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိ ယအကြိမ်အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီး ဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး၊ အာဆီယံအသိုက် အဝန်းမဏ္ဍိုင်(၃)ရပ်၏ကိုယ်စား လှယ်များနှင့်မြန်မာအဖွဲ့ရုံး၊ ဂျကာတာမြို့မှ အရာထမ်းများအား ဦး ဆောင်၍ မြန်မာနိုင်ငံ၏ Alternate Eminent Person နှင့် High – Level Representative အဖြစ်တက်ရောက်ခဲ့ခြင်းဖြစ် သည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အ လွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး အစီ ရင်ခံစာအား လမ်းညွှန်မှုပေးခဲ့ကြသည်။

ထို့ပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးအတွက် သက်ဆိုင်သူအားလုံး (Stakeh olders)နှင့် ဆွေးနွေးမည့်အစီအစဉ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးအသိုက် အဝန်းမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်တို့မှ အာဆီယံအသိုက် အဝန်း ၂၀၂၅ အလွန်မျှော် မှန်းချက်တွင်ထည့်သွင်းမည့် အဓိကအချက်များ (Core Elements)နှင့်အာဆီယံအဖွဲ့အစည်း ခိုင်မာစေခြင်းနှင့်စွမ်းဆောင်ရည်အားကောင်းစေရေးအတွက် အကြံပြုချက်စာတမ်းတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော် မှန်းချက်တွင် ထည့်သွင်းရန်ပေးပို့ထားပြီးဖြစ်သည့် အဆိုပြုချက်များသည် အာဆီယံပဋိ ညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများနှင့်အညီ လက်ရှိ အာဆီယံအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုနှင့်ကာလလယ် သုံးသပ်ချက်ကို အခြေခံသင့်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူး ပေါင်းဆောင်ရွက်ရာတွင် ပိုမိုစည်းလုံးသည့် အားလုံးပါဝင်သော တုံ့ပြန်နိုင်မှုအားကောင်းသည့် အဖွဲ့အစည်းအဖြစ်နှင့် အာဆီယံ၏ အချက်အချာကျမှုနှင့် ဦးဆောင်မှု မြှင့်တင်နိုင်မည့် အချက်များကို အလေးထားဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here