မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၈ ရက်က ဖမ်း ဆီးရမိခဲ့သည့် ငွေစက္ကူအတုပြုလုပ်သူများ၏ ကွင်းဆက်အရ နောက်ထပ်၂ ဦးအားထပ်မံဖမ်းဆီးရမိခဲ့

0
187

မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၈ ရက်က ဖမ်း ဆီးရမိခဲ့သည့် ငွေစက္ကူအတုပြုလုပ်သူများ၏ ကွင်းဆက်အရ နောက်ထပ်၂ ဦးအားထပ်မံဖမ်းဆီးရမိခဲ့

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၈ ရက်ကဖမ်းမိခဲ့သည့် ငွေစက္ကူအတုပြုလုပ်သူ ၃ ဦးအား စစ်ဆေးချက်အရနောက်ထပ် ၂ ဦးအား စက်တင်ဘာ ၉ ရက်၌ ငွေစက္ကူအတုများ၊ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၃ ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့နှင့်အတူ ငွေစက္ကူအတုပြုလုပ်ရာ၌ပါဝင်သည့် ကိုကျော်ဇင်ဝင်းနှင့်ကိုသူရအောင်(ခ)သိန်းဇော်ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ရွှေညောင်ပင်ရပ်ကွက်၊နယ်မြေ(၅)ရှိ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နှင့်အတူ ငွေစက္ကူအတုများဖြစ်သည့် ငါး ရာတန် ၂၀ ရွက်၊တစ်ထောင်တန် ၁၅၁ ရွက်၊ ငါးထောင်တန် ၂၈ ရွက်နှင့်တစ်သောင်းတန် ၁၀၀ ရွက်၊ပိုင်းဖြတ်ထားခြင်းမရှိသေးသည့် တစ်သောင်းတန်ငွေစက္ကူစာရွက်များနှင့်ငွေစက္ကူအ တုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မြစ်ကြီးနားမြို့မရဲစခန်းက ဗဟိုဘဏ်ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here