မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်းလုပ်နိုင်ရန်ကြိုးစားနေဟုအိမ်ဖြူတော်ပြော

0
197

မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်းလုပ်နိုင်ရန်ကြိုးစားနေဟုအိမ်ဖြူတော်ပြော

ဝါရှင်တန်၊စက်တင်ဘာ ၉

မြောက်ကိုရီးယားအပေါ်ရန်လိုသည့် ရည်ရွယ်ချက်မရှိဟု အမေရိကသည်ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးအရဆက်ဆံနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရင်း ယွန်ပြဲ က စက်တင်ဘာ ၉ ရက် သောကြာနေ့က သတင်းထောက်များအားပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် မိမိကိုယ်ကိုကာကွယ်ရန် နျူကလီးယားလက်နက်အသုံးပြုခွင့်ကို တရားဝင်ပြဌာန်းထားကာ မြောက်ကိုရီးယား၏ နျူအခြေအနေသည် နောက်ပြန်ဆုတ်၍မရတော့ဟု ဆိုပြီး နျူကင်းစင်ရေးဆွေးနွေးပွဲများကိုလည်း တားမြစ်ပိတ်ပင်ထားသည့် ဥပဒေသစ်တစ်ရပ်ထုတ်ပြန်ခဲ့သည်ဟုယွန်ပြဲကပြောကြားခဲ့သည်။

“အမေရိကအနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ နီးနီးကပ်ကပ်ညှိုနှိုင်းဆောင်ရွက်ရန် အာရုံစိုက်လျက်ရှိပြီး ကိုရီးယားကျွန်းဆွယ်တွင် နျူလုံးဝကင်းစင်ရေး ရည်မှန်းချက်ကိုမြှင့်တင်ရန် အာရုံစိုက်နေပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။ထိုသို့ပြောကြားရာတွင် မြောက်ကိုရီးယားအား အပြည့်အစုံ‌ ခေါ်‌ ဝေါ်သုံးနှုန်းချင်းမျိုးမဟုတ်ဘဲ အတိုကောက်စကားလုံးကိုသာသုံးနှုန်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားကမူ အဆိုပါဥပဒေတွင် ၎င်းတို့နိုင်ငံသည် နျူလက်နက်နိုင်ငံဖြစ်ကြောင်းတရားဝင်ကြေညာထားပြီး၊ပြုံယမ်းအနေဖြင့် အဆိုပါလက်နက်များအား လက်လွှတ်မည်မဟုတ်ကြောင်း နိုင်ငံ့ခေါင်းဆောင်ကင်မ်ဂျုံအန်ကပြောကြားခဲ့ပြီး မိမိတို့အနေဖြင့်အမေရိကကိုတုံ့ပြန်နိုင်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

Ref 1 : Reuters/st

Ref 2 : Anadolu Agency


LEAVE A REPLY

Please enter your comment!
Please enter your name here