ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ထားသည့် အမျိုးသား (၃) ဦးက အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်ကာအ နုကြမ်းစီးသည့်ဖြစ်စဉ် ငါးသိုင်းချောင်းမြို့နယ်တွင်ဖြစ်ပွား

0
290

ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ထားသည့် အမျိုးသား (၃) ဦးက အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်ကာအ နုကြမ်းစီးသည့်ဖြစ်စဉ် ငါးသိုင်းချောင်းမြို့နယ်တွင်ဖြစ်ပွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်၊ ဒေါင့်ကြီးကျေး ရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာတွင် အမျိုးသမီး တစ်ဦးအား ကုမ္ပဏီဝန်ထမ်းယောင်ဆောင်ထားသည့် အမျိုး သား (၃) ဦးက ဓားဖြင့်ထောက်ကာ ဆွဲကြိုးနှင့် ငွေများ အနုကြမ်းစီး လုယက်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မီးသွေးကုန်းကျေးရွာရှိ အမျိုးသမီးတစ်ဦးတည်းရှိနေထိုင်သည့် နေအိမ်သို့ အဆို ပါ အမျိုးသား (၃) ဦးက ဝင်ရောက်လာကာ ဓားဖြင့်ထော က်ကာ လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသား (၃) ဦးသည် စက်တင်ဘာ လ (၉) ရက် နံနက် (၈) နာရီဝန်းကျင်တွင် ကုမ္ပဏီဝန်ထမ်းယောင်ဆောင်ကာ ကုန်ပစ္စည်း မိတ်ဆက်မည်ဟုဆိုကာ နေအိမ်အတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်အနောက်ဖက်တွင် ပန်းကန်ဆေးနေသည့်အမျိုးသမီးအား ဓားဖြင့်ထော က်ကာ လည်ပင်းမှ ဆွဲကြိုးအား ဖြုတ်ယူပြီး ငွေနှင့်လက်ဝတ်ရတနာများထားသည့် နေရာကိုမေးမြန်းကာ အမျိုး သမီး၏ မျက်နှာအားရိုက်နှက်ခြင်း၊ လက်မောင်း (၂) ဖ က်အား ဓားဖြင့်လှီးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နေအိမ်၌ဖွင့်ထားသည့် စျေးဆိုင်အတွင်းရှိ ပို က်ဆံ တစ်သိန်းခွဲခန့်နှင့် ဆွဲကြိုးတို့အား ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်‌နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေး ရာ နေအိမ်ပိုင်ရှင် အမျိုးသမီး၏ မျက်နှာ၊ ဦးခေါင်းနှင့် လက်မောင်း (၂) ဖက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိထား သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ငါးသိုင်းချောင်းနယ်မြေရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here