Ulan-Ude မြို့ရှိ နျူးကလီးယားဆေးဘက်ဆိုင်ရာစင်တာ အပါအဝင် နေရာ ၃ ခုအား နစက ဥက္ကဋ္ဌသွား​ရောက်

0
186

Ulan-Ude မြို့ရှိ နျူးကလီးယားဆေးဘက်ဆိုင်ရာစင်တာ အပါအဝင် နေရာ ၃ ခုအား နစက ဥက္ကဋ္ဌသွား​ရောက်

နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက Republic of Buryatia ပြည်နယ်အ စိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့်အတူ Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ကင်ဆာဌာနနှင့်ရထားစက်ခေါင်းပြင်ဆင်ရေးအလုပ်ရုံတို့အား ကြည့်ရှုလေ့လာခဲ့သည်။


နစက ဥက္ကဋ္ဌနှင့် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲတို့သည် Ulan-Ude မြို့တွင် ဆိုဗီယက်ရင်ပြင်ရှိ


ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းဝင်အမျိုးသားခေါင်းဆောင်ကြီးလီနင်၏ ဦးခေါင်းပုံရုပ်တုရှိရာသို့သွား​ရောက်ခဲ့ကြသည်။


၂၀ရာစု၏ သြဇာအရှိဆုံးနိုင်ငံရေးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ဗလာဒီမာ လီနင်သည် ရုရှားတွင် ဘော်ရှီဗစ်တော်လှန်ရေးကို ၁၉၁၇ခုနှစ်တွင် ဦး​ဆောင်ပြီး နောက်ပိုင်းတွင် အသစ်ဖွဲ့စည်းခဲ့သော ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ (USSR) ၏ ပထမဆုံးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာလေ့လာရေးအင်စတီကျူ့ဆိုက်ဘေးရီးယားဌာနခွဲသို့သွားရောက်ရာ အကယ်ဒမီမှ Director ဖြစ်သူ Mr.Bazarov Bois Vandanovich နှင့်တာဝန်ရှိသူများကကြိုဆို၍ အကယ်ဒမီအတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။


အကယ်ဒမီအတွင်းရှိ ရှေးဟောင်းဘာသာ စာပေယဉ်ကျေးမူ အနုပညာများ၊ပန်းချီများ၊တိဘက်လက်ရေးမူဖြင့် ရေးသားထားသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ ပိဋကတ်တော်လာ အဆုံးအမကျမ်းစာများ၊ ရှေးဟောင်း နက္ခတ္တဗေဒဆိုင်ရာကျမ်းများ၊ တိဘက်၊ မွန်ဂိုဘာသာစကားများ၏ အဆင့်ဆင့်ပြောင်းလဲမှုကို မှတ်တမ်းတင်ထားသည့် စာပေများ၊ မြန်မာနိုင်ငံမှ ရရှိထားသည့် ထန်းပုရပိုဒ်အပါအဝင် အခြား ရှေးဟောင်းပုရပိုဒ် စာပေများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုလေ့လာပြီး နစက ဥက္ကဋ္ဌက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။


ထို့နောက် နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာရောဂါကုသမှုဌာနသို့ ရောက်ရှိရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ကြီး Ms. Ludupova Evgenya နှင့် တာဝန်ရှိသူများက အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေခြင်း၊ဆေးကုသဆောင်ရွက်မှု၊ စက်ကိရိယာများ၏အသုံးပြုမှုစွမ်းဆောင်ရည်များရှင်းလင်းပြသခဲ့သည်။


နစက ဥက္ကဋ္ဌကလည်း ကျန်းမာရေးက ဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်အခြားသိရှိလိုသည်များကိုမေးမြန်းဆွေး နွေးခဲ့သည်။


ထို့အတူ Ulan-Ude မြို့ ရထားပြင်ဆင်ရေးအလုပ် ရုံသို့ သွားရောက်ရာ Republic of Buryatia ပြည် နယ်အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး Mr. Olovyannikov Aleksei က အလုပ်ရုံအတွင်း ဆောင်ရွက်လျက်ရှိသည့် မီးရထားခေါင်းတွဲအ မျိုးအစားအမျိုးမျိုးကို ထုတ်လုပ်ပြင်ဆင်နိုင်မှုနှင့်စက်ခေါင်းများ၏ စွမ်းဆောင်နိုင်မှု၊ အင်ဂျင်ပိုင်းဆိုင်ရာတပ်ဆင်ရေးလုပ်ဆောင်နေမှု၊ ဆက်စပ်ပစ္စည်းများတပ်ဆင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြသရာ နစက ဥက္ကဋ္ဌက သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here