မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းစိမ်းများဖမ်းမိ

0
219

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းစိမ်းများဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၈ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီက နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့ဘက်မှမိုးညှင်းမြို့ဘက်သို့ ဇော်ကိုမြင့်(၄၅)နှစ်မောင်းကာ မျိုးသီဟ(၂၅)နှစ် လိုက်လာသည့် MITSUBISHI CANTER ကားအားစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်ရှိ ဆာလာအိတ်များအတွင်း ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ငွေကျပ် ၁၁၅၃ သိန်းတန်ဖိုးရှိ ဘိန်းဖြူ(၄ ဒသမ ၁၈ ကီလို)နှင့်ဘိန်းစိမ်း(၉ ကီလို)တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဘိန်းဖြူ၊ဘိန်းစိမ်းများနှင့်အတူ ဖမ်း ဆီးရမိသူ ၂ ဦးအား မိုးညှင်းမြို့မရဲစခန်းက မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here