ရန်ကုန်မြို့၌ ရေအရည်အသွေးစစ်ဆေးရေးပင်ပဓာတ်ခွဲခန်းအား ISO Standard နှင့်အညီဆောက်လုပ်လျက်ရှိ

0
144

ရန်ကုန်မြို့၌ ရေအရည်အသွေးစစ်ဆေးရေးပင်ပဓာတ်ခွဲခန်းအား ISO Standard နှင့်အညီဆောက်လုပ်လျက်ရှိ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊အမှတ်(၆)ရပ် ကွက်၊မြင်တော်သာလမ်းတွင် ရေအရည်အသွေးစစ်ဆေးရေးပင်မဓာတ်ခွဲခန်းအား YCDC မှဆောက်လုပ်လျက်ရှိသည်။


ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ရေ အရည်အသွေးစစ်ဆေးရေးပင် မဓာတ်ခွဲခန်းအား ISO Standard နှင့်အညီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။


အဆိုပါ ရေ အရည်အသွေးစစ်ဆေးရေးပင်မဓာတ်ခွဲခန်းအား ၀ ဒသမ ၄ ဧကကျယ်ဝန်းသည့် မြေနေရာ၌ တည်ဆောက်လျက်ရှိကာ အလျား ၉၀ ပေ၊ အနံ ၅၄ ပေရှိသော (၃) ထပ်အဆောက်အဦးဖြစ်ကြောင်း သိရသည်။


ယင်း ဓာတ်ခွဲခန်း၌ မြေညီထပ်တွင် ဓာတ်ခွဲခန်းများ၊ ပထမထပ်တွင် ဓာတ်ခွဲခန်းနှင့်ရုံးခန်း၊ဒုတိ ယထပ်တွင် အစည်းအဝေးခန်းနှင့်ရုံးခန်းများပါ ဝင်မည်ဖြစ်ကာ သောက်သုံးရေများအတွက် Parameter(၂၉)မျိုးနှင့်ရေဆိုးအတွက် Parameter(၁၃)မျိုးကို စစ်ဆေးပေးသွားမည်ဖြစ် သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here