ပဲခူးမြို့ရှိ ညောင်အင်းပြည်သာစက်မှုဇုန်တွင် နာရီ ဝက်နီးပါးကြာသည့် မီးလောင်မှုဖြစ်ပွား

0
296

ပဲခူးမြို့ရှိ ညောင်အင်းပြည်သာစက်မှုဇုန်တွင် နာရီ ဝက်နီးပါးကြာသည့် မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်း၊ပဲခူးမြို့၊အင်းတကော်ရပ်ကွက်၊အင်းတကော်ကျေးရွာရှိ ညောင်အင်းပြည်သာစက်မှုဇုန်တွင် စက်တင်ဘာ ၁၁ ရက်(ယနေ့)နံနက်ပိုင်းက နာရီဝက်နီးပါးကြာသည့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ညောင်အင်းပြည်သာစက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီး သတ်ကား ၃ စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီး သတ်ကား ၃ စီး၊ သနပ်ပင်မြို့နယ်မီးသတ်စခန်းမှမီးသတ်ကား ၁ စီးတို့ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။


ထိုသို့ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီ ၌ မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here