လက်ပံတန်းမြို့တွင် အငြိမ်းစားကျောင်းဆရာနှင့်ညီမဖြစ်သူတို့ နေအိမ်၌သတ်ဖြတ်ခံခဲ့ရ

0
222

လက်ပံတန်းမြို့တွင် အငြိမ်းစားကျောင်းဆရာနှင့်ညီမဖြစ်သူတို့ နေအိမ်၌သတ်ဖြတ်ခံခဲ့ရ

ပဲခူးတိုင်း၊လက်ပံတမ်းမြို့၊မအူခုံရပ်ကွက်၊ကံကြီးလမ်းတွင် နေထိုင်သည့် အငြိမ်းစားကျောင်းဆရာဦးကြည်မြင့်(၇၀)နှစ်ခန့်နှင့်ညီမဖြစ်သူ ဒေါ်တင်သောင်းတို့သည် စက်တင်ဘာ ၉ ရက်ညပိုင်းက နေအိမ်၌သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အငြိမ်းစားကျောင်းဆရာဦးကြည်မြင့်နှင့်ညီမဖြစ်သူတို့ နေအိမ်၌သတ်ဖြတ်ခံခဲ့ရခြင်းအား ရပ်ကွက်နေသူတစ်ဦးက စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်း၌ တွေ့ရှိခဲ့ရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဆရာဦးကြည်မြင့်က ထိုးသွင်းဒဏ်ရာတွေနဲ့သေနေတာ ဒေါ်တင်သောင်းကတော့ အသက်ရှူကြပ်ပြီး သေဆုံးသွားတဲ့ အနေအထားတွေကိုတွေ့ရတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားဖြင့် လက်ပံတန်းမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အငြိမ်းစားကျောင်းဆရာဦးကြည်မြင့်နှင့်ညီမဖြစ်သူဒေါ်တင်သောင်းတို့သည် စိတ်ထားကောင်းမွန်သူများဖြစ်ကာ လယ်ယာလုပ်ငန်းလုပ်ကိုင်စားသောက်နေရသူများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here