နစက၏ရုရှား ခရီးစဥ်၌ ​ကျန်းမာ​ရေးနှင့် ပညာ​ရေး နယ်ပယ်များတွင် ပူး​ပေါင်းနိုင်မည့်အလားအလာများ​ဆွေး​နွေး

0
292

နစက၏ရုရှား ခရီးစဥ်၌ ​ကျန်းမာ​ရေးနှင့် ပညာ​ရေး နယ်ပယ်များတွင် ပူး​ပေါင်းနိုင်မည့်အလားအလာများ​ဆွေး​နွေး

Irkutsk ပြည်နယ်ရှိ က​လေး​ဆေးရုံ နှင့်အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း MBOU Zakharovkaya Secondary School Moscow တို့သို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် စက်တင်ဘာ ၁၁ ရက်(ယနေ့)တွင် သွား ရောက်လေ့လာကြည့်ရှုခဲ့သည်။

နစက ဥက္ကဋ္ဌသည် Irkutsk Regional Children’s Clinical Hospital သို့သွားရောက်ရာ ဆေးရုံအ ကြီးအကဲ Mr.Kozov Yuri Andreevich က ဆေးရုံအတွင်း ကလေးသူငယ်များအား ကျန်း မာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်မှုနှင့်ဆေးရုံကို ခုတင် ၄၀၀ ဆန့် အဆင့်မြှင့်တင်၍ နှစ်နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည့် အ ခြေအနေများအား Video presentation များ၊  ဆေးရုံကြီးတည်ဆောက်ပြီးစီးပါက ဖြစ်ပေါ်လာမည့်အခြေအနေများကိုVR နည်းပညာအသုံးပြု၍ ရှင်းလင်းတင်ပြခဲ့သည်။ 

ထို့နောက် နစက ဥက္ကဋ္ဌက ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်သိရှိလိုသည်များကို မေး မြန်းဆွေးနွေး၍ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုရာ ဆေးရုံတည်ဆောက်မည့် အခြေအနေ၊ ဆေးရုံအတွင်း၌ Robotic Technology အသုံးပြု ၍ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်သည့် စက်ကိရိ ယာများ၏ စွမ်းဆောင်ရည်များကို ဆေးရုံအကြီး အကဲက လိုက်လံရှင်းလင်းပြသခဲ့ပြီး စမ်းသပ်ခွဲစိတ်ကုသမှုတစ်ခုကို သရုပ်ပြခွဲစိတ်ပြသခဲ့ကြသည်။ 

ထို့​​နောက် နစက ဥက္ကဋ္ဌသည် အမှတ်(၁၄)အခြေ ခံပညာအလယ်တန်းကျောင်း MBOU Zakharovkaya Secondary School Moscow သို့သွားရောက်ရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့ ပ ညာရေးဝန်ကြီး Maxim Alexandrovich ၊  Parfenovကျောင်းအုပ်ကြီး Ms, Lyudmila Leonidovna Tuchkova နှင့်ကျောင်းတာဝန်ခံများက မူလတန်းကျောင်းသူကျောင်းသားများကို ပညာသင်ကြားပေးနေမှုစနစ်များ၊အဆင့်မြင့် သင်ကြားမှု၊သင်ယူမှုအထောက်အကူပြုနည်းပညာသုံး၍ ကလေးငယ်များကို စိတ်ပါဝင်စားစေပြီး လွယ်ကူရှင်းလင်းစွာဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာများကို နားလည်တတ်ကျွမ်းမှုရှိအောင် သင်ကြားပေးနေမှုများ၊စာကြည့်တိုက်များ၊ကလေးအားကစားကွင်းတို့ကိုလိုက်လံပြသခဲ့သည်။

ထို့​နောက် မြန်မာအ​နေဖြင့် ပညာရည်အဆင့်မြှင့်တင်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အ​ခြေ​နေများကိုဆွေးနွေးခဲ့‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here