ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးမင်းသိမ်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်း အင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ Non-Board Member အဖြစ်တက်ရောက်

0
420

ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးမင်းသိမ်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်း အင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ Non-Board Member အဖြစ်တက်ရောက်

ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့အခြေစိုက် ကုလ သမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် စက်တင်ဘာ ၁၂ ရက်မှစတင်၍ ဗီယင်နာမြို့ရှိ Vienna International Centre တွင်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဏု မြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်း အဝေးသို့ Non-Board Member အဖြစ် တက်ရောက်လျက်ရှိသည်။

အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်းအစီအစဉ်များအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခဲ့မှု၊ ၂၀၂၄-၂၀၂၉ ကာလလတ်အ တွက် မဟာဗျူဟာ၊ နျူကလီးယားနှင့်ဓါတ်ရောင် ခြည်သင့်မှုအန္တရာယ်ကင်းရှင်းရေးတို့အား ဆွေးနွေးသွားမည်ဖြစ်သည်။

အလားတူ နျူကလီးယားလုံခြုံရေး၊နျူကလီယားသိပ္ပံ၊နည်းပညာနှင့်အသုံးချမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးနှင့်နိုင်ငံများ၏ နျူကလီးယားဆိုင်ရာဆောင်ရွက်မှုများ လုံခြုံမှုရှိစေရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)အား ၁၉၅၇ ခုနှစ်၊ဇူလိုင် ၂၉ ရက်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံက ၁၉၅၇ ခုနှစ်၊အောက်တိုဘာ ၁၈ ရက်တွင်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

IAEA တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ နိုင်ငံပါဝင်ကာ အုပ်ချုပ်မှုအဖွဲ့ဝင် ၂ နှစ်သက်တမ်းအတွက် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဒေသအုပ်စုအလိုက် နှစ်စဉ်ရွေးချယ်တင်မြှောက်လေ့ရှိပြီး ပုံမှန် ၅ ရက်ခန့်ကြာမြင့်သည့် အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးများအား တစ်နှစ်လျှင် ၅ ကြိမ်ခန့်ကျင်းပလေ့ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here