Zoom အက်ပ်သည် အခြားစင်ပြိုင်ကုမ္ပဏီများနှင့်ယှဉ်ပြိုင်နိုင်ရန် ပြောင်းလဲမှုများပြုလုပ်ထားဟုဆို

0
279

Zoom အက်ပ်သည် အခြားစင်ပြိုင်ကုမ္ပဏီများနှင့်ယှဉ်ပြိုင်နိုင်ရန် ပြောင်းလဲမှုများပြုလုပ်ထားဟုဆို

Zoom Video Communications Inc သည် ၎င်း၏ထုတ်ကုန်အား အမည်ပြောင်း လဲမှုအနည်းငယ်ပြုလုပ်ထားပြီး Microsoft Teams နှင့် Slack အပါအဝင် အခြားစင်ပြိုင်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန်ကြိုးပမ်းနေသဖြင့် ပြင်ပအဖွဲ့အစည်း ပေါင်းစည်းမှုအပါအဝင် အခြားလုပ်ဆောင်ချက်အချို့ကိုလည်း ထပ်မံထည့်သွင်းထားကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

Zoom Team Chat ဟုလူသိများသော Zoom app တွင် meeting chat box အတွင်း ယခင်ကတစ်ဦးချင်းစကားပြောဆိုရာမှ ယခုအခါအဖွဲ့လိုက် ပြောဆိုနိုင်ရန်ပြင်ဆင်ထားပြီး chat သို့မဟုတ် channel ကတစ်ဆင့် meeting အချိန်ဇယားဆွဲနိုင်ခြင်းမျိုးကဲ့သို့သော လုပ်ဆောင်ချက်များပါဝင်မည်ဖြစ်ကာ ယခုလအကုန်ပိုင်းတွင် ထွက်ရှိအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရှိရသည်။

Zoom ကုမ္ပဏီသည် ကပ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလများအထိ လူသိနည်းသောကုမ္ပဏီတစ်ခုဖြစ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် လူများအိမ်တွင်းပုန်း ကာ ဗီဒီယိုကွန်ဖရန့်များ ပြုလုပ်ကာဆက်သွယ်နေရချိန်၌ရေပန်းစားလာခဲ့ပြီး ယခင်ကထက်ဝင်ငွေသုံးဆကျော်ထိုးတက်လာခဲ့သည်ဟုဆိုသည်။

We Chat Work, Microsoft Teams , Cisco WebEx နှင့် Slack ကုမ္ပဏီများနှင့်ရင်ဆိုင်နေရသော Zoom ကုမ္ပဏီသည် ကပ်ရောဂါကြောင့် ကုမ္ပဏီအများအပြားအနေဖြင့် မြေပြင်နှင့်အွန်လိုင်းလုပ်ဆောင်နိုင်သည့် လုပ်ငန်းမျိုးကူးပြောင်းနေသည့်အချိန်တွင် Zoom အနေဖြင့်၎င်း၏တိုးတက်မှုကိုဆက်ထိန်းထားရန်အတွက် အခကြေးငွေများများပေးနိုင်သော အသုံးပြုသူများပိုမိုရှာတွေ့အောင်လုပ်ရမည့် အထွတ်အထိပ်တာဝန်များ၊လုပ်ဆောင်ချက်များနှင့်ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့်လက Zoom သည် ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်လာသဖြင့် အသုံးပြုမှုနည်းသွားသောကြောင့် နှစ်စဉ်အမြတ်အစွန်းနှင့်ဝင်ငွေခန့်မှန်းချက်များကို ဖြတ်တောက်ခဲ့ရသည်။ကပ်ရောဂါကာလအတွင်း Zoom ၏ရှယ်ယာတန်ဖိုးသည် ၁ ရာခိုင်နှုန်းအထိတက်ခဲ့ပြီး ၈၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိဖြစ်ခဲ့သည်။သို့သော်ယခုလအတွင်း သောကြာနေ့ကပိတ်ချိန်အထိ တစ်နှစ်တာအတွင်း စတော့ရှယ်ယာ ၅၅ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့သည်။

Source -Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here