တာမွေမြို့နယ်တွင် စိတ်ကြွဆေး ၅၀၀၀၀ ပြားနှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူ ၃ ဦးအားဖမ်းဆီးရမိ

0
288

တာမွေမြို့နယ်တွင် စိတ်ကြွဆေး ၅၀၀၀၀ ပြားနှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူ ၃ ဦးအားဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ်ကွက်၊ခေမာသီရိလမ်းတွင် စက်တင်ဘာ ၁၂ ရက်နေ့လည်ပိုင်းက မောင်းနှင်လာသည့်ကားအား တား ဆီးစစ်ဆေးရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲက မေတ္တာညွန့်ရပ်ကွက်၊ခေမာသီရိလမ်းတွင် သော်ဇင်ထက်(၃၅)နှစ်မောင်းကာ ဝေဇင်ဖြိုး(၂၄)နှစ်လိုက်လာသည့် Jeep Liberty ကားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ဝေဇင်ဖြိုး လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးချက်အရ ဆက်စပ်ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ကာ စိတ်ကြွဆေးပြားများရောင်းချသူ မောင်ကြည် (၄၂)နှစ်အား ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊ပုလဲ(၃)ရပ်ကွက်၊ အင်ကြင်းလမ်း၌ ဖမ်းဆီးရမိခဲ့သည်။

စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိသူ ၃ ဦးအား တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here