ဂျပန်နိုင်ငံသား တိုရုကူဘိုတာ အမှုအတွက် တရားလိုဘက်ကို ယနေ့စစ်ဆေး

0
254

ဂျပန်နိုင်ငံသား တိုရုကူဘိုတာ အမှုအတွက် တရားလိုဘက်ကို ယနေ့စစ်ဆေး

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရု ကူဘိုတာ (Toru Kubota) သည် ရှေ့နေငှားရမ်းခွင့်ရခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာလ ၁၄) ရက်နံနက်ပိုင်းတွင် အင်းစိန်ထောင်အတွင်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ အင်းစိန်ထောင်အတွင်း တရားရုံးတွင်တရားလိုဘက်ကို ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် နောက်ရုံးချိန်းကို လာမည့် စက်တင်ဘာလ (၂၁) ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်သည့် တိုရုကူဘိုတာကို လက်ရှိအချိန်တွင် ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ လ၀က ဥပဒေပုဒ်မ-၁၃(၁)နှင့် ပုဒ်မ-၅၀၅ (က)တို့ဖြင့် တရားစွဲဆိုထားပြီး အီလက်ထရွန်နစ်ပုဒ်မတစ်ခုဖြင့် ထပ်တိုးအရေးယူရန် စီစဉ်ထားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသော်လည်း ယနေ့အချိန်  ထပ်တိုး တရားစွဲဆိုထားခြင်း မရှိသေးပေ။

တိုရုကူဘိုတာသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ရန်ကုန်မြို့ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆန္ဒပြပွဲတစ်ခုတွင်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here