ကိုဗစ် ၁၉ ကူးစက်သူ ၄၀၀ ဝန်းကျင်အထိရှိလာ ၊ အထူးဂရုစိုက်ရမည့်အခြေအနေသို့ ရောက်ရှိနေဟုဆို

0
200

ကိုဗစ် ၁၉ ကူးစက်သူ ၄၀၀ ဝန်းကျင်အထိရှိလာ ၊ အထူးဂရုစိုက်ရမည့်အခြေအနေသို့ ရောက်ရှိနေဟုဆို

ယနေ့ စက်တင်ဘာလ (၁၄) ရက် ည (၈) နာရီ ကျန်းမာ ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၃၈၄) ဦးအထိရှိလာပြီး အထူးဂရုစိုက်ကာ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ (၁၃) ရက် ည(၈) နာရီမှ (၁၄) ရက် ည(၈) နာရီအထိ သံသယလူနာ (၁၂,၁၂၀) ဦးကို စစ်ဆေးရာမှ တွေ့ရှိခဲ့သည့် အတည်ပြု လူနာများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

စက်တင်ဘာလ (၁၃) ရက် ည (၈) နာရီ ကျန်းမာရေး ဝန် ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့က မြန် မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၉၉) ဦးအထိရှိပြီး နှစ်ရက်အတွင်း ကူးစက်ခံရသူ (၆၈၃) ဦးအ ထိရှိကြောင်း သိရသည်။

ယနေ့တွင် ကိုဗစ် ကူးစက်ရာမှ ပြန်လည်ကောင်းမွန်လာသူ   (၈၉) ဦးရှိပြီး သေဆုံးသူ (၁) ဦးရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန၏ စရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ (၁၄) ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၈၇၈,၈၈၂) ခုအား စစ်ဆေးခဲ့ပြီး အတ ည် ပြုလူနာ စုစုပေါင်း (၆၁၇,၇၃၉) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ် ကူးစက်ရာမှ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၄,၅၅၂) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၉,၄ ၄၄) ဦး ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လတ်တလောရရှိသည့် စစ် ဆေးတွေ့ရှိချက်များအရ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ အများစုမှာ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူများဖြစ်ပြီး သေဆုံးသူအများစုမှာလည်း ကိုဗစ်ကာကွယ် ဆေး ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here