မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ ၂၀ ဦးအား မိဘများထံပြန် လည်အပ်နှံ

0
280

မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ ၂၀ ဦးအား မိဘများထံပြန် လည်အပ်နှံ

မကွေးတိုင်းနှင့်ပဲခူးတိုင်းတို့ရှိ မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ် မှုကျူးလွန်ခြင်းမရှိဘဲ ဥပ ဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၂၀ ဦးအား စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

ထိုသို့ ပြန်လည်လက်ခံလွှဲပြောင်းပေးရာတွင် မ ကွေးတိုင်း၊စေတုတ္တရာမြို့နယ်မှ ၁၄ ဦး၊ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်နှင့်အုတ်ဖို့မြို့နယ်တို့မှ အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၂ ဦးတို့ဖြစ် သည်။


စေတုတ္တရာမြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမနှင့်ပဲခူးတိုင်း၊ ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတို့၌ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြခြင်းဖြစ်သည်။

တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်း လင်းဆွေးနွေးပြောကြားပြီးနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ် ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

ထို့ပြင် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၂၀ ဦးအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here