ကန်ချနဘူရီခရိုင်တွင် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၄၈ ဦးဖမ်းဆီးခံရ

0
190

ကန်ချနဘူရီခရိုင်တွင် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၄၈ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ဆိုင်ယုတ်မြို့နယ်၊ဝမ်ကရကျဲ့ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် စက် တင်ဘာ ၁၃ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီခန့်က ဝမ်ကရကျဲ့ကျေးရွာရှိ၊ စစ်ဆေးဂိတ်တွင် ခရိုင်တာဝန်ရှိသူများက ထိုင်းနိုင်ငံသား ၄ ဦးမောင်းနှင်လာသည့် ကား ၄ စီးအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကား ၄ စီးပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၈ ဦးအားတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ကားမောင်းသည့် ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား စစ်ဆေးရာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိပေးချေ ၍ ဘန်ကောက်၊ကန်ချနဘူရီ၊ဖေ့ခ်ျဘူရီ၊နွန်ထဘူရီ၊စမွတ်ဆာခွန်း၊လာ့ဘူရီမြို့များ၌ အလုပ်လုပ် ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

၎င်းတို့အား ကားများဖြင့်ခေါ်ဆောင်လာသည့် ကားမောင်းသူ ထိုင်းလူမျိုး ၄ ဦးမှာ ပွဲစားများဖြစ် ကြောင်းလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဆိုင်ယုတ်မြို့ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here