သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် အမှု့ဖွင့် ရုံးထုတ်စစ်ဆေးကာ အင်းစိန်ထောင်သို့ပို့

0
1217

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် အမှု့ဖွင့် ရုံးထုတ်စစ်ဆေးကာ အင်းစိန်ထောင်သို့ပို့

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ ကို စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းက မရမ်းကုန်းနှင့် မြောက်ဒဂုံမြို့နယ် တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ၎င်းတို့နှစ်ဦးအား အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းသရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့အား ကာအိန္ဒြေပျက်ပြားစေသည့် အဖော်အချွတ်ဓာတ်ပုံများနှင့် ဗွီဒီယိုများကို လူမှုကွန်ရက်တွင် အခကြေး ငွေရယူကာ ဖြန့်ဝေသည်ဟုဆိုကာ သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကာ ယမန်နေ့ နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဥပ ဒေပုဒ်မ ၃၃(က) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်ဒယ် နန်းမွေစံကိုလည်း အီလက်ထရောနစ် ဥပဒေပုဒ် မ ၃၃(က) ဖြင့် မြောက်ဒဂုံတရားရုံးတွင် ရုံးထုတ်စစ်ဆေးကာ ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွင် ရုပ်သံရိုက်ကူးမှုအစီအစဉ်တစ်ခု လက်ခံရိုက်ကူးခဲ့သည့်အတွက် စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသေးသည်။

ယခု၎င်းတို့ နှစ်ဦးအား စွဲဆိုထားသည့် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က) သည် ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် (၇) နှစ်အထိကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here