တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်၍ ရပ်ကွက် ၃ ခုအတွင်းရေဝင်ရောက်လျက်ရှိ

0
261

တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်၍ ရပ်ကွက် ၃ ခုအတွင်းရေဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်၊တန့်ယန်းမြို့တွင် စက်တင်ဘာ ၁၄ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ဟောင်ချောင်းရေမြင့်တက်လာခဲ့သည်ဟု တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

ယမန်နေ့ညပိုင်းမှစတင်ရွာသွန်းခဲ့သည့်မိုးမှာ စက်တင်ဘာ ၁၅ ရက်(ယနေ့)နံနက်ပိုင်းတွင်လည်း ဆက်လက်ရွာသွန်းခဲ့သဖြင့် နမ့်ဟောင်ချောင်းရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ နမ့်ဟောင်ချောင်းရေမြင့်တက်မှုကြောင့် တန့်ယန်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အ မှတ်(၁)ရပ်ကွက်၊အမှတ်(၆)ရပ်ကွက်နှင့်အမှတ် (၁၀)ရပ်ကွက်များရှိ လူနေအိမ်များနှင့်လမ်း များပေါ်တွင် ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရေဝင်ရေကျော်မှုဖြစ်ပွားနေသည့် ရပ်ကွက်များအတွင်းနေထိုင်သူများ အန္တရာယ်မဖြစ်စေရန်နှင့်ရေဆက်လက်ဝင်ရောက်ခြင်းရှိ၊မရှိအား တန့်ယန်းမြို့တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

“လတ်တလော ရေဝင်များတဲ့လမ်းတွေကိုဖြတ် သန်းမသွားဖို့ ယာယီပိတ်ထားတယ် စောင့်ကြည့်နေပါတယ် ရေထပ်တက်လာမယ်ဆိုရင်တော့ ရေဝင်များတဲ့အိမ်တွေမှာနေတဲ့လူတွေကို ဘေးလွတ်တဲ့ဆီရွှေ့ပေးဖို့လည်း တာဝန်ရှိတဲ့လူတွေကစီစဥ်နေပါတယ်”ဟု တန့်ယန်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်လျက်ရှိသည့် ရပ် ကွက်များအတွင်းရှိ လမ်းများအားဖြတ်သန်းသွား လာခြင်းမပြုရန် ယာယီပိတ်ထားကာ မဖြစ်မနေသွားလာရမည့်သူများကိုလည်း တာဝန်ရှိသူများက ကူညီပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here